157 22 0
                                    

I don't like him but there's no hate .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟာအိုကော က ကျောင်းဆရာအသစ်လား? "
ရစ်ခီနဲ့ ဟာအို နဲ့က အဖေမတူ အမေကွဲ ညီအစ်ကိုတွေ၊
ရှန်ဟိုင်းမှာ ကတည်းက ရစ်ခီကို စောင့်ရှောင့် ခဲ့တာ။
ရစ်ခီ ရှန်ဟိုင်းမှာကတည်းက ဟာအိုက ကိုရီယားမှကျောင်းတက်ပြီး အဲ့မှာပဲ maths teacher ပြန်လုပ်နေတာဖြစ်သည်။ ရစ်ခီနဲ့ အဆက်သွယ် မရတာတောင် ကြာနေပြီ။
အခု ရစ်ခီတို့ ကျောင်းမှာ ဆရာအသစ်လာမယ် တဲ့။ အဲ့တာ ဟာအိုဖြစ်နေတော့ ရစ်ခီ တွေ့တွေ့ချင်း
ပြေးဖက်မိသည်။

ဒီကျောင်းမှာ ဘယ်လောက်ပျင်းဖို့ ကောင်းလိုက်သလဲ? သူငယ်ချင်းလဲ မရှိ ၊
ဒီကြားထဲ အသက်လွတ်ကြီး အမြင်မကြည်နေတဲ့ လူတွေက ရှိသေးတယ်။
တခြား လူတွေက ကျနော့်ကို ခင်ကြချစ်ကြပါတယ်။
ဟိုအရူးတစ်ယောက်ထဲ အဲ့တာကြောင့်လေးလုံးဖြစ်နေတာ ၊
ကျနော်လဲ လေးလုံးပါပဲ ဒါမဲ့ သူ့လိုမဟုတ်ဘူး
ချစ်ဖို့ကောင်းတယ်။

" ရွှေ့ရွှေ့! မတွေ့တာကြာတော့ ပိုလှလာတာပဲ!
ငါ့ကြောင်ပေါက်လေး အာဂူး "
" ကော က ဘူဆန်မှာ မဟုတ်ဘူးလား ဘယ်လိုလုပ် ဆိုးလ် ကို "
" ဪ.. အဲ့တာလား ဘူဆန်မှာ အလုပ်လုပ်တယ် ဆိုတာ ဆိုးလ်မှာ အခြေချ ဖို့လေ၊ ဘူဆန်က တဆင့်နားတဲ့ သဘောပဲ "

" ဝါးး ကောတကယ်တော်တာပဲ "
" ဟီးဟီး အဲ့လောက်လဲ မဟုတ်ပါဘူး ဒါနဲ့ အဆင်ပြေရဲ့လား ဒီမှာ နေရတာ "
" ပြေပါတယ် ကော ရှိတော့ ပိုအဆင်ပြေတာပေါ့ ဟီး "

ကျနော် မျက်စိထဲ ရစ်ခီနဲ့ ဆရာအသစ်က ကန့်လန့်ကြီး ဖြစ်နေသည်။ ဟိုကောင်က ဆရာအသစ်ကို ဖက်နေတာမြန်း လူမြင်ကွင်းကြီးထဲမှာ။
ခဏအကြာ ကိုယ့်ပါးကို ပြန်ရိုက်လိုက်သည်။ ကင်မ်ဂယူဗင်း သူတို့ဘာသာ ဘာလုပ်လုပ် မင်းကဘာဖြစ်နေတာလဲ၊ Mind your own business!
ကိုယ့်ဘာသာ ကို ပြန်ဆူပြီး ခပ်တည်တည်နဲ့ အတန်းထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။
အတန်းထဲ ဝင်ဝင်ချင်း ဟန်ဘင်းက ထူးထူးဆန်းဆန်း ကြီး ရောက်နေတယ်။

" ဘရို ဘယ်ရောက်နေတာလဲ "
" မင်း ကိုယ့် အတန်းကို မသွားဘူးလား "

" သွားမှာပါကွာ ငါအသည်းလေး ယူရီလေ
စိတ်ကောက်နေတယ် ချော့နည်းလေး ဘာလေးလာမေးတာ "
" အင်း ငါသိတယ် ဒါမဲ့ ခက်တယ် "
ဟန်ဘင်းက ကျနော့်အပြောကို အဟုတ်ထင်ပြီး အားကိုးတဲ့ မျက်လုံးနဲ့ လာကြည့်သည်။

Academic RivalsWhere stories live. Discover now