အပိုင်း၃၄

155 34 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃၄


အချိုမှုန့် မရှိသလို ၊ ဆားကိုလည်း နည်းနည်းပဲ ထည့်ခိုင်းသည်။ချိန်ပေါ်ယန် ဟင်းချက်လျှင် စားရဆိုးသည့် အကြောင်းပြချက်က ဒီနေရာတွင် ဖြစ်နိုင်လောက်သည်ဟု ရှန့်ရှီး ထင်မိသည်။ဘာ အဆာပလာမှ မထည့်ပေ။စားသမျှ အကုန်လုံးက ပျော့ရွှတ်ရွှတ်ဖြင့် ဘာအရသာမှ မပါသည့် အစားအသောက်များက်ို စားကောင်းအောင် ချက်တာကမှထူးဆန်းနေမှာပင်။

"ကျွန်တော် ခေါက်ဆွဲနည်းနည်း လုပ်လိုက်ဦးမယ်"

ဘယ်လိုပုံစံ ထွက်လာမလဲ မသိသည့် ဒီရှားကောထမင်းအတွက် ရှန့်ရှီးမှာ ကြိုးစားပမ်းစား လုပ်နေမိသည်။

"အချိုမှုန့် မရှိတော့ ဘယ်လိုလုပ် အရသာ ရှိတော့မှာလဲ?"

"ခရုဆီထည့်လိုက်လေ"

ချိန်ပေါ်ယန်က မတ်တပ်ထရပ်၍ မီးဖိုခန်းထဲ ၀င်လာခဲ့လိုက်သည်။

၀င်လိုက်သည့် အချိန်မှာပင် ကြောင်အသွားမိသည်။တင်လှီးသည့် သစ်သားပြားပေါ်တွင် ရှုပ်ပွနေအောင် လှီးထားသည့် ဟင်းရွက်များ ၊ စင်းတီတုံးနှင့် ကြမ်းပြင်ပေါ်တွင်လည်း အတော်များများက ပြုတ်ကျနေသေးကာ ၊ မီးဖိုပေါ် တင်ထားသည့် ရှားအိုးနှစ်အိုး၏ ဘေးပတ်ပတ်လည်တွင်လည်း ထမင်းနှင့် ရေများ စင်ထွက်နေသည်။

"မင်း......."

ချိန်ပေါ်ယန်မှာ စကားပင် ထွက်အောင် မပြောနိုင်တော့ပေ။

"ကျွန်တော် ခဏနေ သန့်ရှင်းရေး လုပ်လိုက်ပါ့မယ်"

ရှန့်ရှီးက ချိန်ပေါ်ယန်အား မီးဖိုခန်းထဲမှ တွန်းထုတ်လိုက်ပြီး

"ကျွန်တော်က ခင်ဗျားကို အချိုမှုန့်ပဲ မေးတာ ၊ ခင်ဗျား ၀င်လာဖို့ မလိုဘူး"

"ကြမ်းပြင်ပေါ်ကတွေကို စားဖ်ို့ ပြန်မကောက်နဲ့နော် ! "

ချိန်ပေါ်ယန်မှာ ခက်ခက်ခဲခဲဖြင့် မှာကြားနေရသည်။

"စင်းတီတုံးပေါ် ကျထားတဲ့ ဟာတွေလည်း သုံးလို့ မရဘူး ! မီး....."

မတူညီမအပ်စပ်သောWhere stories live. Discover now