Part-3(Z)

8 1 0
                                    

တံခွန်တို့ နှစ်ယောက် နံနက် အစောပိုင်းလောက်မှာ အဝေးပြေးကားဝင်းကိုအရောက်သွား ကာ သွားရမည့်ကားအားရှာနေလေသည်..

မကြာခဲ့ပါဘူး..ခပ်မြန်မြန်ရှာတွေ့သားလေတယ်..

ကားကိုတွေ့တာနဲ့ကားပေါ်တတ်ကာ ခုံနံပတ်အတိုင်းထိုင်ကာ လက်မှတ်စစ်ကိုစောင့်နေလေသည်

မကြာမိအချိန်မှာဘဲ..အဝေးပြေးကြားဝင်းထဲမှ  တံခွန်တို့စီးစည့်ကားဟာ စတင်မောင်းနှင်  ပြေးဆွဲပါတော့သည်

လမ်းတစ်လျှောက်တွေ့မြင်ရတဲ့ သဘာဝအလှအပများကြောင့် တံခွန်ပြုံးပြီးခံစားနေမိပေမဲ့ အောင်မင်းကတော့ အိပ်မောပင်ကျနေတော့သည်

တံခွန်တွေးမိသည်*မြို့အကျော်မှာရှိတဲ့သဘာဝရှုခင်းတွေတောင် ဒီလောက်သာယာလှပတာ ကျေးလက် ဒေသရဲ့ သဘာဝအလှဆို ပိုတောင် သာယာလောက်မည်*လို့ တွေးထင်မိသည်...

၎နာရီခန့် မောင်းနှင်လာတဲ့ ကားဟာ

~{မင်းလှမြို့မှကြိုဆိုပါတယ်}~

ဆိုသည့် ဆိုင်းဘုတ်လေးအနီး မှာကားဝင်းတွင် ရပ်သွားခဲ့သည်

တံခွန်ထင်လိုက်သည် သူတို့ရောက်ပြီပေါ့..

ထိုအခါမှ တစ်လမ်းလုံး အိပ်နေခဲ့ သည့်အောင်မင်းဟာ တတ်ကြွနေသည့် ကြက်ဖအလား ပင် ဖြစ်နေသည်

"ထူးသစ်..လာလေကွာ..ဆင်းကြမယ်.."

"အွန်း.."

တံခွန်တို့ ကားပေါ်မှ ဆင်းပြီးနောက်

"ငါတို့လာတဲ့နေရာ ရောက်ပြီလား.."

တံခွန်က ဦးစွာ မေးတော့

"မရောက်သေးဘူး တုတ်"စီး ရဦးမှာအိမ်က ငါ့ညီမ လာကြိုလိမ့်မယ်.. ခဏတော့ စောင့်ရလိမ့်မယ်.."

(တုတ်"ဆိုတာ...သုံးဘီးဆိုင်ကယ်ကို ခေါ်တာပါ နော် အဲ့ဘက်မှာက)

"ဘယ်လောက်စီးရမလဲ..မဝေးရင်လမ်းလျှောက်သွားမယ်လေ.."

"မိနစ်၃၀လောက်စီး တယ်..လမ်းလျှောက်ရင်တော့ တစ်နာရီလောက် ကြာမှာ.."

အောင်မင်းရဲ့ အဖြေကြောင့်

"ဒါဆိုလည်းတုတ်"ဘဲ စောင့်ကြမယ်"

တံခွန့်အဖြေကြောင့် အောင်ထူးပြုံးကာ ကြည့်နေမိသည်

ထိုနေ့တယ် တံခွန်က ဂျင်းနက် ဘောင်းဘီရှည်နဲ့ ခါတိုင်းလို အတွင်းကို အနက်ရောင်စွပ်ကျယ်နဲ့ အပေါ်က အနက်ရောင်ဂျာကင် ကို ခပ်မိုက်မိုက်ဝတ်ထားတယ် ဦးထုပ်အနက်ကိုလည်း ခပ်ငိုက်"စောင်းထားတော့ all black နဲ့ မိမိုက်နေတာပေါ့

အောင်မင်းကတော့ ပုဆိုးနဲ့ ရှပ်အင်္ကျီကိုသာ ရိုးရှင်းစွာဝတ်ထား ပြီး ခရီးဆောင် အိတ်ကြီးတစ်လုံးနဲ့ပေါ့.. တံခွန်ကတော့ အနက်ရောင် ခေါက် ပိုက်ဆံအိတ်ကို ခါးမှာထိုးပြီးလက်ထဲမှာ ဖုန်းကိုပါဝါဘန့်နဲ့ဂျိုင်းကာ ကိုင်ထားလေသည်
[phoneက iphone13pro mixဗျာ့]

၁၀မိနစ်လောက်ကာတော့

တုတ်"တစ်စီးကို မောင်းနှင်လာတဲ့ မိန်းကလေးတစ်ဦး သူတို့ရှေ့ရောက်လာတယ်

"ဟာ..ကိုကြီး အောင်မင်း..စောင့်နေတာကြာပြီလား..တတ်လေဗျာ..ဧည့်သည်လည်းပါတာဘဲတတ် တတ်.."

"အေး..မိချိုရေ..."

××××××

တံခွန်တို့ တုတ်နဲ့ မိနစ်၃၀လောက်မောင်းနှင်ပြီးနောက်မှာတော့ *{ပတ်တန်းကြီးရွာမှ ကြိုဆိုပါ​၏} ဆိုသည့် ဆိုင်းဘုတ်က တံခွန်တို့ကို ဆည်းကြိုနေ​၏

ရွာထဲ အနည်းငယ် ဝင်ပြီးနောက် ရှေးဟောင်း ကျွန်းနှစ်ထပ်အိမ်ကြီးများကို ကြီးမားစွာ တည်ဆောက်ထားသည်ကို သတိပြုမိကြသည်.,

တစ်ခြံနဲ့ တစ်ခြံဟာ အတော် လေးကို ကျယ်ပြန်ပေမဲ့ မဝေးပေ..

အောင်မင်းရဲ့ညီမ မိချိုမောင်းနှင်လာသည့် တုတ်"ဟာ ခြံကြီးတစ်ခြံထဲဝင်သားကာမှ ရပ်လိုက်​၏

တံခွန်သိလိုက်​၏..အောင်မင်းတို့ရွှာကို ရောက်ပြီဆိုတာ..

×××××××××××××××××××××××××

ဘာမှမပြောချင်တော့ ဘူး..မောတယ်..ဆက်ရေးရမလားပြောကြည့်..
                                 lin🌷
2.3.24

💘တစ်နယ်သားကို..ရည်းစားလုပ်တော့💗Where stories live. Discover now