အပိုင်း (၃)

735 38 2
                                    

ပြတင်းပေါက်ကိုဖြတ်၍ အလင်းရောင်တစ်ခု အေးရိပ်ကိုမျက်နှာပေါ်သို့ဖြာကျလာသည်။ ဟိုဖက်ခြမ်းနံရံ ငှက်ကြီး တောင်ဓါးပေါ်က နာရီကိုကြည့်လိုက်မိတော့ ၁၁ချက်ပင်ထိုးလုနီးနေပြီ။ ကုန်းရုန်းထဖို့ပြင်လိုက်တော့ ထလို့မရောက် ဒဏ်ရာအရှိန်ကြောင့် ဖျားပြီထင်သည်။ပြတင်းပေါက်ကိုကြည့်မိတော့ ပွင့်လျက်သားဖြစ်တာကြောင့် အမေလာဖွင့်ထားဟန်ရှိသည်။

သို့နဲ့ထနိုင်သမျှထပြီး အိမ်အောက်ကိုမျက်နှာသစ်ရန် ဆင်းလာရသည်။ ပုံမုန်ဆို အေးရိပ်ကိုကမနက်၇နာရီဆိုထပါပြီ။ ဒါမဲ့သူထသည့်အချိန်ဟာ ရွာကလူတွေထသည့် အချိန်နဲ့ဆိုအလွန်ပင်နောက်ကျနေသည်။ ရွာမှာက ထန်းတောထဲမှာ ထန်းရည်ချတဲ့သူကချ အလုပ်ခွင်ဝင်သူကဝင်နဲ့ မနက်ငါးနာရီလောက်ဆိုတာနဲ့ထကြသည်။ အေးရိပ်ကိုကတော့အလုပ်မရှိ အဘအလုပ်တွေကို ကူလုပ်ဖို့တော့စိတ်ကူးရှိပင်မဲ့ ခုမလိုသေးထင်တာကြောင့် မလုပ်သေးတာပင်။ အဘကတော့ မြို့မှာပွဲရုံထောင်ပြီး ရွာမှာတော့ ငွေတိုးချေးသည်ဟုဆိုရမည်။ ငွေတိုးဆိုပင်မဲ့ နေ့ပြန်တိုးမဟုတ်တော့ နေ့တိုင်းသွားတောင်းနေစရာမလို။တစ်လတစ်ခါအတိုးပေးရသည်မျိုးပင်။

နောက်ဖေးက ကန်ဆိုသလိုလုပ်ထားသည့်နေရာတွင် အေးရိပ်ကိုမျက်နှာသစ်သွားတိုက်လိုက်ပြီး မျက်နှာသုတ်သစ်ပုဝါကို ပုခုံးပေါ်တင်ကာ အိမ်ရှေ့ထွက်လာတော့ မြနဲ့တိုက်တိုက်ဆ်ိုင်ဆိုင်ပင် တွေ့သည်။

မြကအေးရိပ်ကိုကိုမြင်သည်နှင့်ပင် မျက်နှာချက်ချင်းလွှဲသွားသည်။ ညကကိစ္စ စိတ်ဆိုးမပြေသေးဘူးနဲ့တူသည်။

"မြ"

မြကစက်ခုံပေါ်တွင်ထိုင်နေပြီး အေးရိပ်ကိုခေါ်နေသည်ကိုတုတ်တုတ်ပင်မလှုပ်ချေ။

"မြ"
အေးရိပ်ကိုအိမ်ရှေ့ခန်းက ထိုင်ခုံတစ်ခုပေါ်တွင်ဝင်ထိုင်လိုက်ပင်မဲ့ ဒီတစ်ကြိမ်လည်းထိုနည်းတူစွာပါပဲ။

"ရိပ် နေမကောင်းဘူးဆိုလို့ ဆန်ပြုတ်လာပို့တာ။ "

ထွက်ပေါ်လာသည့်အသံကို အေးရိပ်ကိုရင်းနှီးကျွမ်းဝင်စွာပင်သိသည်။ အေးရိပ်ကိုရဲ့ငယ်သူငယ်ချင်းဆိုလည်းဟုတ်။ အရင်းနှီးဆုံးဆိုတဲ့ သူလည်းဟုတ်သည့် ညိုလှသက်ပင်။ငကြည် ၊အေးရိပ်ကို၊ညိုလှသက်တို့မှာ ငယ်ငယ်လေးတည်းကသွားအတူလာအတူ သူငယ်ချင်းသုံယောက်ပင်။ဒါမဲ့ ငကြည်နှင့် ညိုလှသက်ကတော့ အသက်ကြီးလာတာနဲ့အမျှ နည်းနည်းခပ်ခွာခွာဆက်ဆံကြသည်ဟုဆိုရမည်။

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now