အပိုင်း(14)

1.5K 116 1
                                    

လမ်းမှာ ဒေါသထွက် လာတာမို့လို့ ရိက္ခာ ရုံကိုတောင်မရောက်ဖြစ်။.ဒါပေမဲ့ အစောင့်တွေက ကိုယ့် ဘက်ကလူတွေကြီးပဲဆိုတော့ဘာမှ စိုးရိမ်စရာ မရှိအမြဲ စစ်ဆေးနေစရာမလိုပေ။.မနက်စာလဲ မစားရသေးတော့ အစေခံတွေကို ပြင်ခိုင်းနေတုန်း သခင့်ရဲ့ကိုယ်ရံတော် ချန်က. လာခေါ်တာမို့လိူ့ မြန်မြန် ပြင်ဆင်ပြီးသွားလိုက်သည်။ သခင်က ဘယ်တုန်းကမှ အခုလို ခေါ်ဘူးတာမဟုတ်။.အခုတော့ မနက်စာ စားဖို့ လာခဲ့ဆိုတော့ မနက်က ထွက်ခဲ့သမျှ ဒေါသ ကယူပစ်သလို ပျောက်သွားရသည်။

ခါရူးရဲ့ တဲအိမ်ကိုရောက်တော့ အောက်မှာစောင့်ရတဲ့အစောင့်တွေက. နာရာ့ကို နှုက်ဆက်၍ ခေါင်းငြိမ့်ပြပြီး အပေါ်ကိုသာ တက်သွားလိုက်သည်။ အထဲရောက်တော့ ဝမ်းသားအားရ နဲ့သခင့်ကို ခေါ်လိုက်တော့

"သခင်....''

လှည့်တော့ ကြည့်လာပါသည်။ ဒါပေမဲ့ ဘေးမှာ ဟိုအကောင်ပါ ရှိနေတော့ နာရာ မျက်နှာ ပျက်သွားရသည်။.ဒါပေမဲ့ အတတ်နိုင်ဆုံး ပြန်ထိန်းပြီး နှစ်ယောက်လုံး ကို နှုတ်ဆက်လိုက်သည်။

"သခင်နဲ့ သခင်မ ကို နှုတ်ဆက်ပါတယ် ''

"အို..နာရာ ရောက်လာပြီလား လာထိုင်လေ''

"ဟုတ်ကဲ့..သခင်.သခင်မရောက်နေတာပဲ''

နာရာက ခုံမှာဝင်ထိုင်ရင်း မိုရာ့ကိုမေးလာတာမို့ မိုရာပြန်ဖြေလိုက်ရသည်။.စဝင်လာထဲက မိုရာ့ကို မြင်ပြီး မျက်နှာ ပျက်သွားတာကို မိုရာ မြင်ဖြစ်အောင်မြင်လိုက်သည်။ဒါပေမဲ့ ပြန်ထိန်းလိုက်တာမို့ ခါရူးကမမြင်ပေ။

"အင်း.. ဟုတ်တယ် မိုရာ့က မနက်စာ အတူတူစားရအောင်ဆိုလို့ နာရာ့ကိုပါခေါ်လိုက်တာ''

မိုရာ့အစားခါရူးကဝင်ဖြေပေးသည်။

"ဟုတ်တယ်... သခင်က မနက်စာမစားရသေးဘူးဆိုလို့လေ နာရာပါ.တစ်ခါထဲ စားရအောင်ခေါ်လိုက်တာ''

" ကျွန်မ ကို ခုလိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ''

"ရပါတယ် နာရာနဲ့က သခင်ကြောင့်ပက်သက်ရမဲ့ဆက်ဆံရေးဆိူပေမဲ့ နာရာ့ကို ကိုယ့်ရဲ့ညီမအရင်းလေးလိုပဲသဘောထားပါတယ်''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now