အခန်း ၂၅။ ဧည့်ခံစားသောက်ပွဲ - အပိုင်းခွဲ ၁

53 12 0
                                    

အခန်း ၂၅။ ဧည့်ခံစားသောက်ပွဲ - အပိုင်းခွဲ ၁

ရှောင်ပေါင်က မုဆိုးမယန်ထံမှ ဝိဉာဥ်နှုတ်ဆူးချွန်ဖြင့် အထိုးမခံရတာကြောင့် ဝိဉာဉ်မပျောက်သွားခဲ့ရာ သူ့အတိတ်ကပြောင်းလဲသွားပြီလား။

ဒီအကြောင်းတွေးရန် တုကူးကျော့၌ အချိန်ရလာပြီးနောက် ခဝါသည်အမျိုးသမီးက သူ့ကိုပြုံးပြလာသည်အား တွေ့လိုက်ရသည်။

ထိုအချိန်မှာ အရာအားလုံးက ရပ်တန့်သွားပုံရပြီး သူမတစ်ယောက်သာ လှုပ်ရှားနိုင်လေသည်။

သူမသည် တုကူးကျော့ထံလျှောက်လာပြီး ခေါင်းအစခြေအဆုံးသေသေချာချာကြည့်ကာ စိတ်ကျေနပ်မှုတို့ပါသော သက်ပြင်းချသံထွကိပေါ်လာပြီး ညင်သာစွာပြောလိုက်သည်။

"မင်း... ကြီးပြင်းလာခဲ့ပြီပဲ"

"ခင်ဗျား..."

တုကူးကျော့သည် တစ်စုံတစ်ရာပြောလိုသော်လည်း အသံမထွက်နိုင်တော့ပေ။

ခဝါသည်ကလည်း ဘာမျှဆက်မပြောဘဲ တုကူးကျော့ကိုသာ နက်ရှိုင်းစွာဆက်ကြည့်နေခဲ့ပြီး သူမ၏ခေါင်းကို ပေါ့ပါးစွာမော့လိုက်သည်။ ထိုစဉ်မှာ သန့်စင်သော အဖြူရောင်အလင်းတစ်ခုက သူမ၏ကိုယ်မှ ထွက်ပေါ်လာပြီး system ၏ ကြေငြာချင်ကြောင့် မျက်မှောင်ကြုံ့နေကြဆဲဖြစ်သော ကျန်းရှု၊ အောင့်ထျန်းနှင့် ယဲ့ကျိုးတို့ထံ တိုး၀င်နစ်မြုပ်သွားသည်။

ယဲ့ကျိုးသည် သူ့အားတုကူးကျော့ပေးထားသည့် ဝိဉာဉ်သိုလှောငိကျောက်စိမ်းပြားကို ခါးတွင်တွဲလောင်း ချိတ်ထားသည်။

ဒါက ယဲ့ကျိုး၏ ပျောက်ဆုံးနေခဲ့သော ဝိဉာဉ်တစ်စဖြစ်သည်။

ယဲ့ကျိုးသည် အဖြူရောင်အလင်းကို ပြည့်ပြည့်၀၀ စုပ်ယူပြီးနောက် ပြန်လည်၍လှုပ်ရှားသက်၀င်လာပြီး အောင့်ထျန်းနှင့် ယဲ့ကျိုးတို့က ဂိမ်းဆက်တင်အကြောင်း ဆက်လက်ဆွေးနွေးကြသည်။ ချင်ယွဲ့လည်း ၀င်ပြောလိုက်သည်။

"ဟေး.. ဒီဇာတ်ကြောင်းက... ခဝါသည်က သူမရဲ့သားကို မစွန့်ပစ်ခဲ့ဘူးပဲ။ သူမမှာရွေချယ်စရာပဲမရှိခဲ့တာ။ ပြန်ပြောရရင် သူမက ရှောင်ပေါင့်အတွက်နဲ့ အိမ်ကနေထွက်ပြေးခဲ့ပြီး အခုလည်း ရှောင်ပေါင့်ကိုကာကွယ်ဖို့ အဝေးကိုတွန်းပို့ချင်နေတာပဲ။ ကံဆိုးမှုတွေက ရှောင်ပေါင့်ဆီကနေ ရောက်လာပေမဲ့ သူမရဲ့သားကို မမုန်းခဲ့ဘူးပဲ"

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်Where stories live. Discover now