အခန်း (၁) - ပထမ အစ်ကို
ကျန်းရှန့်သည် မှတ်မိစအရွယ်ကတည်းက သူမသည် မိဘမဲ့တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။
သူမသည် အမှိုက်များကို တူးဆွကာ ခွေးတွေနှင့်ပင် အစာကို လုယူစားသောက်ခဲ့ရပြီး လူများ၏ အိမ်နောက်ဖေးသို့ပင် ခိုးဝင်ခဲ့ဖူးသည်။
ငါးနှစ်သားအရွယ်တွင် ချမ်းသာသောမိသားစု၏ မီးဖိုချောင်မှ စားကြွင်းစားကျန်များကို ခိုးယူခဲ့သော်လည်း အိမ်အကူတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူမကို အိမ်ထဲမှ မနှင်ထုတ်မီ သူမအား အနီးနားတွင် ရှိသည့် သန်မာသော လူသုံးလေးဦးက အညှာအတာမဲ့စွာ ရိုက်ခိုင်းခဲ့သည်။
ခြေထောက်များ မရှည်လျားသေးသော ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ကလေးမလေးသည် ပြန်ကောင်းမလာမီ သုံးရက်ပြည့်အောက် အိပ်နေခဲ့သည်။
ကျန်းရှန့် အိပ်ရာထချိန်မှာ ပထမဆုံးလုပ်တာက စားစရာ တစ်ခုခု ရှာဖို့ပါပဲ။
ကျန်းရှန့်သည် အစာစားခြင်းဖြင့်သာ အသက်ရှင်နိုင်သည်ကို သိသည်။
ခုနစ်သားအရွယ်တွင် ကျန်းရှန့်သည် သူမ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် သင်ယူနိုင်ခဲ့သည်။
သူမတွင် အဖေ မရှိ၊ အမေ မရှိ၊ သူမကို ချစ်ပေးမည့်သူ သို့မဟုတ် ပြုစုစောင့်ရှောက်ပေးမည့် မရှိသော်လည်း သူမသည် အိမ်အမျိုးမျိုးတွင် စားသောက်နိုင်ပြီး လမ်းပေါ်၌ ရပ်တည်နိုင်သည်။ သူမသည် လီစားသောက်ဆိုင်ရဲ့ မီးဖိုချောင်ကနေ စားကြွင်းစားကျန်များကို ကောက်ယူဖို့သွားမလား သို့မဟုတ် ကျိုးအသားပြုတ်ဆိုင်က အရိုးတွေကို ခွေးတွေနဲ့ အတူ ပြိုင်လုမလား ရွေးချယ်နိုင်သည်။
ရွေးချယ်မှုများစွာပြုလုပ်ပြီးနောက်တွင် သူမသည် မြို့တော်ရှိ နာမည်ကြီး ပြည့်တန်ဆာအိမ် "ရီဟုန်ယွမ်" နှင့် သူတို့ရဲ့ မီးဖိုချောင်ကို လှမ်းကြည့်သည်။
ကျန်းရှန့်လေးသည် အလွန်ထက်မြက်သည်။ ရီဟုန်ယွမ်သို့ လာရောက်သော ဧည့်သည်များသည် အစားအသောက်အတွက် လာရောက်တာ မဟုတ်ဘူးဆိုတာ သူမ သိပါသည်။ သူတို့သည် အလုတ် အနည်းငယ်မျှသာ စားသောက်သည့်တိုင် ငါးနှင့် အသားများပြည့်နေသော တစ်စားပွဲလုံးကို မကြာခဏ မှာယူလေ့ရှိသည်။
YOU ARE READING
အစ်ကိုငါးယောက်ကို ကောက်ယူပြီးနောက် မြို့တော်တွင် ဘယ်သူမှ ငါ့ကို မထိဝံ့တော့ဘူး
Actionအပိုင်း ၅၃၀ ရှိမည်။ စာစဉ်မိတ်ဆက် ဆယ့်ငါးနှစ်ကြာ လှည့်လည်သွားလာပြီးနောက် ကျန်းရှန့်သည် အစ်ကိုငါးယောက်ကို သူမကိုယ်တိုင် ကောက်ယူခဲ့သည်။ သူတို့အတွက် ကျန်းရှန့်လေးသည် မီးနဲ့ ရေကို ဖြတ်ကျော်ကာ စွန့်စွန့်စားစား ငွေရှာခဲ့သည်။ အစ်ကိုတွေက သူမကို စိတ်မပျက်စေဘဲ...