အပိုင်း-နှစ်

44 6 2
                                    

"ရည်းစားထားဖို့စဉ်းစားနေတာလား ဂန်အင်ဟာ?"

"မဟုတ်ပါဘူးဟ ငါကမေးကြည့်ချင်တာလေးတွေရှိလို့ မင်းကို"

ဒန်းပေါ်ကနေ မထီတထီမျက်နှာပေးနဲ့ သူ့လက်ညှိုးထိုးကာပြောလာသည့် ဂန်အင်ဟာ့အကြောင်း ‌ပေါင်းလာတာကြာပြီဖြစ်တဲ့သူသာအသိဆုံး။

"ဘာမေးမှာလည်း "

"မင်းကြိုက်နေတဲ့ ကောင်မလေးဘာလေးများမရှိဘူးလား အိုအို"

သူ့ကိုကျဟိုလိုမခေါ်နဲ့မကြိုက်ဘူး ဒီလိုမခေါ်နဲ့မလှဘူးဆိုပြီး ထယ်အို့အလှည့်ကျ ခေါ်တာကိုမေးအုံး အိုအိုတဲ့။

"မရှိဘူး"

တုံးတိကြီးဖြေချလိုက်တာကြောင့် ရှုံ့မဲ့သွားပေမဲ့ မလျှော့သောဇွဲနဲ့ထပ်မေးလာပြန်သည်။

"မင်းကိုကြိုက်တဲ့ကောင်မလေးရော"

"ရှိတယ် မင်းညီမ"

"ဟန်ထယ်အို မင်းနော်။
ငါမကြိုက်ပါဘူးဆို ဟွီဂျူ့အကြောင်းပါမလာနဲ့"

ဂန်ဟွီဂျူ။
အင်ဟာ့ ဦးလေးရဲ့သမီး။အင်ဟာ့ညီမဝမ်းကွဲလေး။
အဲ့ဟာမလေးက အခုမှ အလယ်တန်းပြီးရုံလေးရှိသေးတယ်။
ဟန်ထယ်အို့ကိုကြိုက်ပါသတဲ့။
ရည်းစားစာပေးလို့ထယ်အိုက အင်ဟာ့ကိုပြန်ပြောပြမှသာသိခဲ့ရသည်။


လက်ညှိုးတထိုးထိုးနှင့် မဟုတ်တာတွေတွေးနေသည့်လူအား ထယ်အိုစိတ်ကုန်သလိုတစ်ချက်ကြည့်ပေးလိုက်ပြီး ထိုင်နေရာမှထကာ မေမေ့ပန်းအိုးတွေနားသွားရပ်နေမိသည်။

"ထယ်အို အကယ်လို့လေ မင်းသဘောကျတဲ့မိန်းကလေးရှိလာမယ်ပဲထား အဲ့မိန်းကလေးက ငါ့ကိုသဘောမကျရင်မင်းဘယ်လိုလုပ်မလည်း"


ထယ်အိုရှိတဲ့နေရာကို လိုက်လာရင်း ဘေးကပ်ရပ်ကာ ပိုက်ထားသည့်ထယ်အို့လက်အား လှမ်းပုတ်ကာ မေးလာသည့်မေးခွန်းက ရှင်းရှင်းလေးပေမဲ့ သူဘယ်လိုဖြေရမှန်းမသိ။

"ဟမ်လို့ ဟန်ထယ်အို"

"ဘာတုန်းဟ  အဲ့တာသိတော့ရော မင်းကဘာလုပ်မှာလည်း"

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

The Bodyguard Like My "Dark Blue" SkyWhere stories live. Discover now