18

403 40 23
                                    

ဘေးတစ်စောင်းလှဲနေတဲ့ ဆောင်ဟွန်းရဲ့ ဘေးမှာတော့ မျက်လုံးလေးများမှိတ်ချထားပြီး ပက်လက်လေးလှဲနေတဲ့ဂျိတ်ခ်။ ချွေးတွေစိုနေတဲ့ နားသယ်စပ်လေးကို ဆောင်ဟွန်းဟာ လက်နဲ့ သုတ်ပေးလိုက်ရင်း

" ဘေဘီ အရမ်းနာနေလားဟင်"

ခေါင်းခါပြရင်း ဆောင်ဟွန်းရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။ ဆောင်ဟွန်းရဲ့ဆွဲကြိုးလေးစီက သူပိုင်တဲ့ လက်စွပ်လေးကို လက်ညှိုးလေးနဲ့ ကစားနေရင်း

" မင်းကို ငါ့ရဲ့ ပထမဆုံးတွေပဲပေးခဲ့တာ အဲ့ဒါကိုသိလား ဟွန်? "

" မင်းရဲ့ ပထမဆုံးတွေ? "

" Omm ငါ့ရဲ့အချစ်၊ ငါ့ရဲ့ ပထမဆုံးအနမ်း၊ ငါ့ရဲ့ ခန္ဓာကိုယ် အဲ့ဒါတွေအားလုံးကို မင်းပိုင်ခဲ့တာ"

ရင်ခွင်ထဲကဂျိတ်ခ်ရဲ့ ဆံပင်လေးတွေထဲကို အနမ်းလေးတွေ ခပ်ဖွဖွလိုက်ပေးနေတဲ့ ဆောင်ဟွန်းဟာ ဂျိတ်ခ်ရဲ့စကားကြောင့် ခဏတာတွေဝေသွားရတယ်

" နေပါဦး ပထမဆုံးအနမ်းက ဘာအဓိပ္ပါယ်လဲ? မင်းရဲ့ ပထဆုံးစထားတဲ့ရည်းစားနဲ့ ငါ့ရှေ့မှာ နမ်းခဲ့တာပါ "

" ခ်ခ်ခ် အဲ့ဒါ ငါ့ရဲ့ပထမဆုံးအနမ်းမဟုတ်ဘူး"

" ဟွန်? "

ရင်ခွင်ထဲက ကောင်လေးက လက်လေးတစ်ဖက်ကို ထောက်လိုက်ကာ ထလာပြီး မှောက်ရက်အနေအထားလေးအတိုင်း ဆောင်ဟွန်းကို ငုံ့ကြည့်လာသည်။ နောက် ဘယ်ဘက်လက်ညှိုးလေးက ဆောင်ဟွန်းရဲ့ နှုတ်ခမ်းတွေပေါ်ရောက်လာပြီး ပွတ်သပ်ကာဆော့ကစားနေရင်း

" အလယ်တန်း ပထမနှစ်တုန်းက နေ့လယ်စာစားချိန်မှာ နောက်ဆုံးတန်းကခုံပေါ်မှာ အိပ်ပျော်နေခဲ့တဲ့ ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်းကောင်လေးစီက အနမ်းခံလိုက်ရတာကို မသိခဲ့ဘူးတဲ့ "

အံ့သြမှုတွေကြောင့် ဝိုင်းသွားတဲ့ ဆောင်ဟွန်းရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ကျီစယ်နေတဲ့မျက်နှာပေးလေးနဲ့ ဂျိတ်ခ်ကပဲ ဆက်ပြီး

Forever and Ever and AlwaysWhere stories live. Discover now