အပိုင်း_၁၂

107 7 0
                                    

နှလုံးသားထဲကလူနှစ်ယောက်

ထယ်ယောင်းရဲ့အချစ်ကိုရရင်
အတည်တွဲမယ်လို့ဂျောင်ဂုကပြောထားတာမို့
အရင်ကလိုထယ်ယောင်းကိုပြစ်မမထားဘဲ

ဂရုစိုက်ကြင်နာပေးပြီး ဂျောင်ဂုကို
ထယ်ယောင်းစိတ်မရောက်အောင်လုပ်ဖို့

နမ်ဂျွန်းတွေးပြီး ရုံးအစောဆင်းပြီး
ထယ်ယောင်းဆီကိုသွားခါ

ထယ်ယောင်းဆီရောက်တော့

"ယောင်း"

နမ်ဂျွန်းကဒီလိုအချိန်တွေအမြဲရုံးမှာဘဲ
အလုပ်မအားတတ်လို့တစ်ခါမှာမလာဘူး
ဒီနေ့မှာရောက်လာတော့
ထယ်ယောင်းအံဩခါ

"ကို ဘယ်ကနဲ့ဘယ်လို"

"ယောင်းဆီကို ရုံးစောဆင်းပြီးလာခဲ့တာ"

သူများတွေအတွက်
ဒီအချိန်ကပုံမှန်ရုံးဆင်းချိန်ပေမဲ့
နမ်ဂျွန်းအတွက်စောဆင်းခြင်းပါ

"ယောင်း ဆိုင်ပိတ်လိုက်တော့
ကိုတို့အတူ ဒီနေ့ဒိတ်ရအောင်
ဟန်မြစ်အတူသွားမယ်
ညစာလဲအတူစားမယ်နော်"

"ကို သဘောပါ"

ဆိုင်ပိတ်ပြီးဟန်မြစ်ဆီသွားပြီး
ဟန်မြစ်ရောက်တိုင်းမှာ
ထိုင်နေကျနေရာလေးမှာ
နှစ်ယောက်အတူထိုင်လိုက်ပြီး

နမ်ဂျွန်းကထယ်ယောင်းပွေ့ဖက်လိုက်တော့
အလိုက်သင့်ဘဲထယ်ယောင်းက
နမ်ဂျွန်းရင်ထဲမှာခေါင်းလေးမှီလိုက်တယ်

ထိုသို့အတူထိုင်ပြီး
နမ်ဂျွန်းဘက်စကားစလိုက်တယ်

"ယောင်း ကိုအရေးကြီးပြောစရာရှိတယ်"

"ပြောလေကို ဘာများလဲ"

"ကိုတို့နောက်အပတ်ထဲမှာလက်ထပ်ရအောင်"

နမ်ဂျွန်းစကားကြောင့်အလန့်တကြား
ထယ်ယောင်းကနမ်ဂျွန်းရင်ခွင်ထဲကထွက်လိုက်ပြီး

"နောက်အပတ်ထဲမှာ လက်ထပ်မယ်
ကိုနဲ့ယောင်းပြောထားတာက
နှစ်ပတ်လည်ရောက်မှာလက်ထပ်မယ်ဆို"

"အရင်ကပြောထားတာ ဟုတ်ပါတယ်
ဒါပေမဲ့ ကိုကအခုအမြန်လက်ထပ်ချင်လို့လေ
ယောင်းကလက်မထပ်ချင်လို့လား"

နှလုံးသားထဲကလူနှစ်ယောက်Where stories live. Discover now