- ကူးကူး ပေါက်စန - II

318 66 11
                                    

-🪐-

ဂျောင်ကုကီးဟာ teenage ပီပီလူငယ်ဆန်တယ်၊ လွတ်လပ်တယ်၊ မိဘမဲ့ဆိုပေမယ့် သူ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ပျော်ရွှင်စွာဖြတ်သန်းတယ်။ အဘွားဖြစ်သူကလည်း မြေးဖြစ်သူကို သိပ်ချစ်သည်မို့ အလိုလိုက်သလို၊ မြေးဖြစ်သူကလည်း အလိုလိုက်ထားတဲ့ကလေးပီသစွာ ငပေလေးဖြစ်သည်။ 

ဂျောင်ကုကီး၏ အဘွားဟာ နှလုံးရောဂါသယ်တစ်ဦး ဖြစ်သည်။ သူမသည်လည်း သားနဲ့ချွေးမ ယာဉ်တိုက်မှုဖြင့် ဆုံးသွားတုန်းက အလူးအလဲ ရောဂါဒဏ်ခံခဲ့ရသည်။ ထို့နောက် မြေးဖြစ်သူကြောင့်ပဲ အားတင်းကာ နလန်ပြန်ထူ‌နိုင်သူဟာ နှစ်တွေသိပ်မကြာခင်မှာဘဲ ကုမ္ဗ‌ဏီဒေဝါလီခံရတော့မယ့် အဖြစ်နဲ့ကြုံရပြန်သည်မို့ နှလုံးရောဂါအခြေအနေဟာ သိပ်မကောင်းတော့ပေ။ သို့သော် အဘွားဟာ ဆော့ဂျင်ရဲ့ အကူအညီယူအပြီးမှာတော့ တော်တော်လေးသက်သာလာခဲ့ပါသည်။

ယနေ့မနက်‌တွင်တော့ ပေတစ်ရာပတ်ပြီး ရန်ရှာတတ်တဲ့ ဒေါသအိုးလေး ဂျွန်ဂျောင်ကုဟာ လေးလေးပင်ပင်နိုးထလာခဲ့ပါပြီ။ ဆော့ဂျင်ညတည်းက အ‌ခန်းပြောင်းပေးထားသည်မို့ ဂျောင်ကုက ထူးထူးဆန်းဆန်းတွေ မတုံ့ပြန်ပေ။ ခေါင်းလည်းအတော်ကိုက်နေသည်မို့  မနေ့ညကအကြောင်းတွေကို ပြန်မတူးဖော်ရသေးသည့် ဂျောင်ကုလေးဟာ ခေါင်းအုံးပေါ်ခေါင်းစိုက်လျက် ခဏနေသည်။

ဒေါက်...ဒေါက်!

“အင်း..ဘယ်သူလဲ”

“ကိုယ်ဝင်လာပြီနော်”

သူတစ်ချက်မေ့သွားသည်။ ဒီအိမ်မှာ သူ့အခန်းကို ခေါက်ရဲပြီး ဝင်လာရဲတဲ့လူဆိုလို့ တစ်မိုးအောက် နှစ်ယောက်မရှိတဲ့ ကင်မ်ဆော့ဂျင်ပဲရှိတာကိုလေ။

“ခေါင်းကိုက်နေလား..?”

ဂျောင်ကုကီးဟာ ပြန်မဖြေ။ ခေါင်းအုံးပေါ် ခေါင်းစိုက်လျက်သာနေ၏။

“အဲ့လိုကြီးမနေနဲ့လေ ပိုဆိုးမှာပေါ့ လာထ..ထ..မျက်နှာသစ်ရအောင်”

ဆော့ဂျင်နဲ့ ဂျောင်ကုရဲ့ တစ်နေ့တာဟာ သည်လိုပင်။ ဆော့ဂျင် ဘာပြောပြော ဘာမှမတုံ့ပြန်ဘဲ ငြိမ်ခံပြီးနေတာဟာ ဂျောင်ကု။ တခါတလေတော့ ဂျောင်ကုဟာ စကားတစ်ခွန်းနဲ့တုံ့ပြန်တတ်သည်။ ‘ခင်ဗျားပိုက်ဆံနဲ့ ကျူပ်ကိုဝယ်ထားတာပဲ ခင်ဗျားဘာလုပ်လုပ် ကျူပ်က ငြိမ်ခံနေရမှာပေါ့' တဲ့လေ။

KOOKJIN JINKOOK SHORT STORIES Where stories live. Discover now