Chapter 1 (zg)

6 0 0
                                    

မြန်မာ့ရိုးရာ ပွဲတော် တွေ ထဲက တစ်ခု ဖစ်တဲ့ မြန်မာ လူမျိုးတွေရဲ့ နှစ်သစ်ကို ကြိုဆိုကြတဲ့ ပွဲ လေး တစ်ခု။ လူငယ်တွေ အရမ်းကြိုက်နှစ်သက်ပြီး ထိုပွဲကိုပဲ အချိန်ပြည့် ဆင်နွဲချင်ကြတဲ့ ပွဲလေးက

မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ သင်္ကြန်ပွဲတော် ။

မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ တန်ခူးလ ရောက်တာနဲ့ ကျင်းပကြတဲ့ ပွဲလေးပေါ့ ။

ကုသိုလ် အများအပြားရရှိ ကြပြီးတော့ ကလေးသူငယ်တွေ အရမ်းကို ပျော်ရွှင်ကြတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့ဘက် ရှမ်းပြည်နယ် ပင်လောင်း မြို့ကလေးမှာ နေထိုင်တဲ့ စိုင်းနောင်ခမ်း ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ် ။
သူ့အသက်က ၁၈လောက်ပဲ ရှိသေးသည်။ ၁၀တန်း အောင်ထားတာ မကြာသေး။

ရှမ်းလူမျိုး တစ်ယောက်ဖြစ်တဲ့ အတွက် ဖြူဖွေး နေတဲ့ အသားအရေ ၊ နီရဲနေတဲ့ ပါးပြင်လေး နှစ်ခု မျက်ဝန်းလေးတွေကတော့ အညိုရောင် သန်းနေသည်။
ယောင်္ကျားလေးတစ်ယောက်၏ ဆံကေသာလိုပဲ သူ့၏ ဆံပင်ကို တိုတိုထားကာ အလယ်လေး ခွဲထားသည်။ အရပ်ကတော့ သာမန် လူတစ်ယောက်ရဲ့ အရပ်လိုပဲ ၅ပေ၇လောက် ရှိသည်။ စကားပြောလျှင်လဲ ချိုသာနေကာ လူတိုင်း၏ ချီးကျူးမှုကို အမြဲခံရသည်။

ပင်လောင်းမြို့နယ်၏ ဆန်စက်တစ်ခုတွင် မန်နေဂျာ ရာထူးအနေဖြင့် သူ့အဒေါ်ဖြစ်သူ ဆန်စက် ပိုင်ရှင် သူဌေးမကြီးကို ကူလုပ်ပေးသည်။

သူနေတာကတော့ နောင်တရားက နေရာ တစ်ခုမှာ သူ့မိဘတွေနဲ့ အတူတူနေထိုင်တယ် ။

တန်ခူးလရဲ့ ပထမဆုံးသော အင်္ဂလိပ်လို ၁ ရက်နေ့မှာ ပေါ့

သူ့အိမ်ကို သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ ရွှေစင်နဲ့ ကောင်းရှိုင်းသန့် တို့ အလည်လာကြတယ် ။
သူတို့ နှစ်ယောက်က နောင့်ခမ်းအတွက် အကောင်းဆုံးသော ငယ်သူငယ်ချင်းတွေ ကောင်းရှိုင်းသန့်ကတော့ တောင်ကြီးသား စာမေးပွဲ ပြီးလို့ သူ့ဆီကို လာလည်ကြတာ အိမ်မှာလဲ သင်္ကြန်မပြီးမချင်း နေမယ်တဲ့။ ဒါကလဲ ပျော်စရာပါပဲ သူ့သူငယ်ချင်းတွေနဲ့ ခွဲနေရတာ ဘယ်လောက်ကြာနေပီမလို့လဲ

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

သင်္ကြန် ပုံပြင် (one shot)Where stories live. Discover now