Part 2

6K 842 105
                                    

Unicode

"အတွင်းရေးမှုးကင်မ် .. ကျွန်တော် ရုံးစောစောဆင်းချင်လို့ .. သွားစရာလေးရှိလို့ပါ"

"ဟုတ်ပါပြီ .. မနက်ဖြန် appointment အတွက် စီစဉ်စရာရှိတာတွေ စီစဉ်ပြီးရင် ပြန်လို့ရပါတယ် မန်နေဂျာရှင်း"

"ဟုတ်ကဲ့"

ဖုန်းချလိုက်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

မန်နေဂျာရှင်း .. အလုပ်ဝင်တာဖြင့် တစ်လမပြည့်သေး ထိုသို့ အခွင့်အရေးမျိုးတောင်းတာ အခါခါ။

အရင်ကဆို ထယ်ယောင်းက ကုမ္မဏီရဲ့အတွင်းရေးမှုးတစ်ယောက်အနေနဲ့ အရမ်းစည်းကမ်းကြီးလွန်းသည်။

အလုပ်ဝင်တာ တစ်လပဲရှိသေးတာကို ဒီလိုအခွင့်အရေးမျိုး ပေးဖို့မပြောနှင့် တစ်နှစ်ပြည့်ရင်တောင် အတော်စဉ်းစားပြီးမှ ပေးတဲ့ လူမျိုး။

အခုတော့ အဲဲ့ဒါတွေ မေ့လိုက်ပြီ .. တော်ရုံခေါင်းရှုပ်မခံ။ ဘာကြောင့်လဲဆို ဒီမန်နေဂျာရှင်းကရော ဘယ်လောက်ထိ ခံမှာတဲ့လဲ။

မန်နေဂျာဟန်မရှိတော့တည်းက အမှန်ပြောရရင် အဆင်မပြေ။ အတူတွဲလုပ်တဲ့မန်နေဂျာတွေက တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတာမို့ ရင်းနှီးဖို့ အစက ပြန်ပြန်စနေတာနဲ့တင် အချိန်ကုန်သည်။

ဘာကြောင့် အစက ပြန်ပြန်စနေရသလဲ .. မန်နေဂျာတစ်ယောက်ပြီး တစ်ယောက်ပြောင်းနေရသလဲဆိုတဲ့ တရားခံက နှစ်ယောက်မရှိသော ထယ်ယောင်းရဲ့ "ဂျေ"။

"အိမ်ထောင်ရှိလား .. အိမ်ထောင်သက် ဘယ်နှစ်နှစ်လဲ .. ဖောက်ပြန်ဖူးလား"

"ဥက္ကဌဂျွန် .."

"သိသင့်တာတွေ မေးနေတာ အတွင်းရေးမှူးကင်မ်.. အရေးကြီးတယ် ဒါက .. အရေးကြီးဆုံး"

ထိုသို့ ထယ်ယောင်းနဲ့ အဓိကအတူတွဲလုပ်ရတဲ့ မန်နေဂျာရဲ့အင်တာဗျုးတွေဆို ဂျေက အဲ့လို စေ့စေ့ပေါက်ပေါက် မေးတတ်သည်။

လုပ်ငန်းအတွေ့ကြုံတွေ လုပ်သက်တွေထက် ထိုအရာတွေက သူ့အတွက် ဦးစားပေးမေးခွန်းတွေ။

"ဂျေရယ် .. အိမ်ထောင်ရှိလားဆိုရပြီပေါ့ .. တခြားဟာတွေက သူများရဲ့ personal တွေလေ .. အဲ့လောက်တော့ မမေးပါနဲ့လား"

CREATOR OF JTempat cerita menjadi hidup. Temukan sekarang