ဧည့်သည် p-2

72 10 12
                                    

yoon နေဖို့ အခန်းတခန်းရတယ်..စားဖို့လဲပေးတယ်..

နေ့လည်ကြီးရောက်သွားတာမို့ ကလေးစထိန်းနေတယ်

ကလေးက ငိုနေတော့ ချော့ရတယ် ကလေးကို အရုပ်တွေနဲ့

ချော့လိုက် တူဝါးကစားလိုက်နဲ့..ခနလေးနဲ့ငြိမ်သွားတယ်..

ခနနေတော့ ကလေးလေးအိပ်သွားတယ်..

''ကလေးလေး..အိပ်တော့နော်''

အပစ်ကင်းစင်ပီး ေအးအေးချမ်းချမ်းအိပ်ပျော်သွားတဲ့ကလေးလေးကို yoon သေချာကြည့်နေမိတယ်..အဖေနဲ့တူလိုက်တာ တရုပ်ထဲဘဲ..ကလေးအိပ်သွားတော့ ခနတော့နားလိုက်တယ်..

ညနေခင်း နေဝင်ချိန်ရောက်လို့လာပြန်တယ်..ငှက်လေးတွေအိပ်တန်းတက်နေကြပီ..

''သခင်ကြီး ပြန်လာပီ..သွားကြိုကြ''

''ဟုကဲ့ပါ..အိမ်တော်ထိန်း''

သခင်ကြီးပြန်လာပီတဲ့..အိမ်ဖော်တွေအကုန်တံခါးဝကိုရောက်သွားကြတယ့..ခနနေတော့သူတို့ သခင်ကြီးအိမ်ထဲဝင်လာတယ်..

''သားကော..''

''သခင်လေးအိပ်ပျော်သွားပါပီ..''

''အရမ်းငိုသေးလား..''

''တနေကုန် အပြုံးအပျက်ပါဘူး..သခင်ကြီး''

yoon တယောက် သခင်ကြီးစကားပြောတာကို ကြားရတယ်။ ကလေးကိုတောင်အ့လောက်ချစ်ရင် သူ့မိန်းမကိုအရမ်းချစ်မာဘဲလို့ တွေးလိုက်မိတယ်...

''ညစာစားဖို့ သခင်ကြီးက ခေါ်ပါတယ်..လာပါ''

''ကလေးကခနခနနိုးနေလို့..ကျနော်လာလို့အဆင်မပြေလို့ပါဗျ''

''ခနလောက် သွားပါ..သခင်ကြီး ဒေါသမထွက်ရင်ရပါပီ''

yoon တွေဝေသွားပြန်တယ်..ကလေးကို မင်လာကခနထိန်းပေးမယ် ပြောလို့ထားပီး..ထမင်းစားဝိုင်းကိုရောက်လာတယ်..

''ထိုင်..''

yoon ထိုင်လိုက်တယ် သူ့ကိုစကားမပြော​သေးတဲ့ Jimin ကိုသူကြည့်နေတယ်...ခက်ရင်းနဲ့ဇွန်းကိုချပီး တစ်ရှုးတရွက်နဲ့ပါးစပ်ကိုသုပ်ပီး စကားစလာတဲ့ Jimin

''အဆင်ပြေလား...''

''ပြေပါတယ်..''

''ပထမရက်တော့အောင်သွားပီ..နောက်နှစ်ရက်တွက်ကြိုးစားပေါ့ ''

''ဟုကဲ့ပါ yoon ကြိုးစားမာပါ..''

''ထမင်းစားလိုက်အုံး..အော်ဒါနဲ့...ကျေးဇူးပါ သားကိုအပြုံးမပျက်စေခဲ့တဲ့အတွက်''

''ဟု..''

jimin ထသွားတော့တယ်..အ့ခါမှ yoon ထမင်းစားလိုက်တယ်..ချမ်းသာတဲ့မိသားစုတွေနဲ့အလိုက်ဖက်ဆုံး ထမင်းဝိုင်းလေးပီသပါတယ်..ဟင်းကောင်းတွေအများအပြားနဲ့ မုန့်အချိုတွေ..ထမင်းစားပီးကလေးစီ ပြန်လာလိုက်တယ်..
ဒီညတော့ ကလေးနားမာအိပ်လိုက်ရတယ်.

နောက်နေ့မနက် yoon အစောကြီးနိုးနေတယ်..အိပ်ရာကထပီး သူ့ရဲ့ပုံမှန်လေ့ကျင့်ခန်းလေးလုပ်နေတုန်း..ကလေးငိုလာတယ်။ ကလေးကိုချီပီး ချော့မြူလိုက်တယ်..သိပ်မကြာပါဘူး ကလေးပြုံးလာတယ်..

''မင်းကရီလိုက်ရင် အရမ်းခန့်တာဘဲ ကလေးလေးရယ်''

ကလေးတွက်နို့ဘူးသွားဖျော်ဖို့ ကလေးကိုချီပီး မီးဖိုချောင်ထဲကိုဝင်လာတယ်။ နို့ဘူး နို့မှုန့်တွေမရှာခင် ရေနွေးအရင်စတည်လိုက်တယ်..အိမ်ဖော်တွေလဲ ဒါကသူတို့လုပ်ပေးရမာဆ်ုပေမဲ့ yoon က ကိုယ်တိုင်လုပ်နေလို့ လွှတ်ထားလိုက်ကြတယ်
တခြားကလေးထိန်းတွေတုန်းက အစဆုံးက အိမ်ဖော်တွေလုပ်ပေးတာယူကြတာ..yoon ကအ့လိုမဟု

''ကလေးနာမယ်က ဘသူလဲ!''

''Park Yoon min "

'' သားသား နာမယ်က Yoon min တဲ့လား..နာမယ်ကခန့်လိုက်တာကွာ..''

''ကလေးရဲ့အဖေကိုယ်တိုင်ပေးခဲ့တာ..သူ့မိန်းမနာမည်နဲ့ သူ့နာမယ်ဆက်စပ်ပီးပေးထားတာ..''

''သားသား Minmin "

ကလေးနာမယ်ကိုအလွယ်ခေါ်ဖို့ သူစဥ်းစားလိုက်တယ်..ခနတွင်းမာနာမယ်ရသွားပီး အ့နာမယ်လေးအလွယ်ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်...

''သခင်ကြီးက ကလေးလာပို့ခိုင်းပါတယ်''

'ဟု..yoon ပို့လိုက်ပ့မယ်..''

ကလေးကိုချီပီးအပေါ်ထပ်သို့..

''ကလေးလာပို့တာပါ ..''

ကလေးကို Jimin စီပေးလိုက်တယ်..ကလေးကိုချော့မြူနေလိုက်တာ..ကလေးကလဲ ပြုံးနေတာဘဲ ဘလိုတောင်သဘောကျစရာမြင်ကွင်းလေးလဲမသိတော့ဘူး..အရမ်းကြည်နူးမိတာတော့ အမှန်ပါ။

ဧည့်သည်Where stories live. Discover now