အပိုင်း(20)

1.4K 98 4
                                    

"သခင်...ဆေးဆရာလာပါတယ် သခင်မအတွက် အားဆေးလာပို့ပေးတာတဲ့''

ရင်ပြင်ကပြန်ရောက်တာနဲ့မနက်စာ စားနေတုန်း ချန်က ဆေးဆရာ ရောက်လာပြီ ဆိုတာကြောင့် စားနေတာကို လက်စသတ်ပြီး ခါရူးထယူဖို့လုပ်လိုက်သည်။

"မိုရာ စားနှင့် ကိိုယ်သွားယူလိုက်မယ်''

"နေပါစေ အပေါ်ကိုလာပို့ပေးမှာပေါ့ သခင်စားနေတာ မပြီးသေးဘူးမလား''

"ရတယ် ပြီးပြီ အဲ့တာမို့ကိုယ်ပဲသွားယူလိုက်မယ်''

ခါရူးက​ပြောပြောဆိုဆို ထယူလိုက်တာမို့ မိုရာ့မှာ တားချိန်တောင်မရှိ။မနက်ကလဲ ရင်ပြင်ကိုသွားဖို့အရေးကို မိုရာ့ကို အလုံထုတ်နေတာနဲ့တင်နောက်ကျနေတာဖြစ်သည်။.ပြန်လာတော့လဲ မနက်စာသာ တန်းကျွေးတော့တာပင်။.မိုရာ ပြင်ဆင်ပေးတာကိုလဲ လက်မခံ အစေခံတွေကိုသာ အကုန်ခိုင်းသည်။ စိတ်တိုင်းမကျရင်လဲ သူ့ဘာသာ ဝင်လုပ်သေးသည်။ဒီကလေးလေးက ကံကောင်းတယ်လို့ မိုရာခံစားမိသည်။.ဗိုက်ထဲမှာရှိသေးတယ် သူ့ဖခင်ရဲ့သည်းသည်းလှုပ်ခြင်းကို ခံနေရပြီလေ။မွေးလာရင် ပိုဆိုးမှာမြင်ယောင်မိသည်။

ခါရူး ဆေးပန်းကန်ကိုယူပြီး ပြန်လာတော့မိုရာက ဗိုက်ကလေးကို ကိုင်ပြီး ပြုံးနေတာမို့ ခါရူးကိုယ်တိုင်ပါ ပြုံးလိုက်မိသည် ။စားပွဲဝင်ထိုင်ပြီး ဆေးပန်းကန်လေးကို မိုရာ့ရှေ့ချပေးကာ မေးလိုက်မိသည်။

"ဘာတွေ တွေးနေလို့ ပြုံးနေတာတုန်း''

"ဟင်''    မိုရာ အတွေးလွန်နေတုန်းခါရူး ပြန်ထိုင်နေတာကိုတောင်မသိလိုက်ကလေးလေးအကြောင်းကို တွေးမိသွားရင်အဲ့လိုပင်ဘာမှ မသိတော့ပေ။

"ကလေးလေး အကြောင်း ကိုတွေးနေတာပါ''

"ဟုတ်ပါပြီ အခုတော့ ဆေးသောက်လိုက်ဦး ''

"အင်း ''   မိုရာက ဆေးကို မော့သောက်ပြီးနောက် ပန်းကန်ကို ခုံပေါ်တင်ပြီး ခါရူးကို မော့ကြည့်နေတာမို့ ဘာများပြောစရာရှိလဲလို့ မေးလိုက်တော့

"ဟို...ပြောစရာရှိလို့''

"အင်း... ပြောလေ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now