Episode 7

91 19 4
                                    

"ကော စောနက တစ်ယောက်က ကောရဲ့ ရည်းစားဟောင်းမလား"

အိမ်ပြန်ရောက်တာနှင့် ကားပေါ်က ဆင်းလျှင်ဆင်းချင်း မေးလာသည့် ဝေ့ချန်ကြောင့် ဟာအို အံ့အားသင့်သွားရသည်။ ဒီကလေး ဘယ်လိုများသိတာလဲ။ သို့ပေမဲ့ မျက်နှာ အမူအရာကို ထိန်းလိုက်ရင်း

"ဘာတွေ ပြောနေတာလဲ ဝေ့ချန်"

"ကျွန်တော် တွေ့ဖူးတယ်။ ကောရဲ့ ဒိုင်ယာရီထဲက နာမည်ကို အဲ့နာမည်က အဲ့ကဖေးဆိုင် ပိုင်ရှင်ဟျောင်းနဲ့"

ဟာအို ရင်ထဲ ထိတ်ခနဲ လန့်သွားရသည်။ ဒီကလေး ဘယ်တုန်းကများ မြင်သွားတာပါလိမ့်။ တပြိုင်နက်တည်း ဒေါသစိတ်ကလည်း ထောင်းခနဲ ထွက်လာပြီး

"မင်း ဘာလို့ သူများစာအုပ်ကို ခိုးကြည့်တာလဲ ဝေ့ချန်"

"မှန်နေတာပေါ့ အဲ့တာဆိုရင်"

"ငါမေးတာ ဖြေစမ်းပါ ဝေ့ချန်။ မင်း ဘာလို့ ငါ့စာအုပ်ကို ခိုးကြည့်တာလဲ"

ကြောက်အားလန့်အားနှင့် ဟာအိုကို ကြည့်နေသည့် အကြည့်တို့ကို ဂရုမစိုက်နိုင်။ ဘယ်သူ့ကိုမှ ပြောပြခြင်း မရှိသည့် အကြောင်းအရာကို တစ်စုံတစ်ယောက်က အခုလို မသိအောင် ဖတ်သွားသည်က ဟာအိုအတွက် ဒေါသထွက်စရာပင်။

"မတော်တဆ တွေ့သွားတာပါ။ ဝေ့ချန် ကြည့်ဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့"

"အိမ်တံခါးသေချာပိတ်နေ။ ငါအပြင်ပြန်သွားဦးမယ်"

ဟာအိုစိတ်မွန်းကြပ်လာသည်နှင့် ကားမောင်းကာ ဦးတည်ချက်မရှိ မောင်းနေလိုက်သည်။ သို့ပေမဲ့လည်း စိတ်ညစ်မှုတို့ဟာ ပျောက်သွားခြင်း မရှိသလို အတွေးထဲ အတိတ်ကာလက အကြောင်းအရာတို့က ကြီးစိုးလာသည်မလို့ မေ့ပျောက်သွားရန် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

❤️‍🩹

"ပင်ပန်း သွားကြပြီ ဒါက တစ်ပတ်စာ လုပ်အားခ"

"ကျေးဇူးပါ သူဌေး"

"ကောင်းကောင်းပြန်နော်"

𝐏𝐡𝐨𝐧𝐞 𝐫𝐢𝐧𝐠𝐬...

အချိန်ပိုင်း အလုပ်သမားကောင်လေးတွေ ပြန်သွားပြီးတော့ ထယ်ရယ်ကောင်တာကို ပြန်အရောက် ဖုန်းဝင်လာတာကြောင့် ဟျောင်းများလားဟု ကြည့်လိုက်ပေမဲ့ မြင်လိုက်ရသည့် Contactကြောင့် ကိုယ့် မျက်လုံးကိုပင် မယုံနိုင်။

ExileWhere stories live. Discover now