Description

780 77 3
                                    

ငါ့အဖေက အေးစက်တဲ့ သင်ယူခြင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာခဲ့တယ်

စာစဉ်မိတ်ဆက်

လွန်ခဲ့သည့်နှစ်နှစ်က လင်ချူးဆွေ့၏ အဖေဖြစ်သူ မီးသတ်သမားက သူ့ကိုယ်သူ မီးထဲ၌ စွန့်လွှတ်အနစ်နာခံခဲ့သည်။

အဖေနှင့် သမီးကြားမှ နောက်ဆုံးစကားဝိုင်းတွင် သူတို့က အကြီးအကျယ် ရန်ဖြစ်စကားများခဲ့ကြ၏။

လင်ချူးဆွေ့က သူမ၏ အိပ်မက်များထဲတွင် မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ငိုကြွေးကာ နိုးလာခဲ့ရပြီး သူမ အဖေသာ ပြန်မွေးဖွားလာနိုင်လျှင် သူမက နာနာခံခံနှင့် စကားနားထောင်ပြီး မည်သည့်အခါမှ ပြန်မပြောတော့ဟု ဆန္ဒရှိခဲ့သည်။

သူမသည် သူမ အဖေက အမှန်တကယ် ပြန်လည်မွေးဖွားလာမည်ဟု ထင်မှတ်မထားမိခဲ့ပေ။

သူ၏ ဝိညာဥ်က သူတို့ အထက်တန်းကျောင်း၏ သင်ယူခြင်းနတ်ဘုရား ရှောက်ယန်၏ ခန္ဓာကိုယ်ကို တွယ်ကပ်ခဲ့သည်။

...

ရှောက်ယန်က သင်ယူခြင်းနှင့် ကိုယ်ကျင့်စရိုက် နှစ်ခုလုံးတွင် ထူးချွန်ပေသည်။ သူ၏ စုစုပေါင်းအမှတ်များသည် မည်သည့်အခါမှ ၇၀၀ အောက်သို့ မကျခဲ့ပေ။ သူတို့ အထက်တန်းကျောင်းမှ မိန်းကလေးများ အားလုံး သိကြသည်မှာ ချင်းဟွာ သို့မဟုတ် ပေကျင်းတက္ကသိုလ်ကို ဝင်ရန်မှာ လွယ်ကူပြီး ရှောက်ယန်နှင့် နီးစပ်ရန်က ခက်ခဲသည်ဟု ဖြစ်သည်။

သို့သော် လတ်တလော၌ လင်ချူးဆွေ့ သတိပြုမိခဲ့သည်မှာ ရှောက်ယန်က သူမကို ကြည့်သည့်အကြည့်များက အလွန် ထူးဆန်းလှသည်။ သူ၏ အေးစက်စက် အကြည့်များတွင် နက်ရှိုင်းသည့် ချစ်ခင်တွယ်တာမှုများ ရှိနေခဲ့သည်။ သူ၏ ချစ်ခင်တွယ်တာမှုတွင် ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသည်လား။

ထိုသို့ဖြင့် လင်ချူးဆွေ့၏ နေ့စဥ်ဘဝက ဤကဲ့သို့ ဖြစ်လာခဲ့သည်။

စာမေးပွဲမဖြေခင် ရှောက်ယန်က သူမကို သူ၏ မှတ်စုများအား ကူးပေးလိမ့်မည် ဖြစ်သည်။

ငါ့အဖေက အေးစက်တဲ့ သင်ယူခြင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာခဲ့တယ်Where stories live. Discover now