အပိုင်း 5(U+Z)

357 18 3
                                    

ရှိုင်း ဥယျာဥ်ထဲမှာ လုပ်လက်စအလုပ်တွေကို လက်စသတ်နေသည်
ထိုအချိန် နေကြာခင်းနား မြင်လိုက်ရသော အရိပ်တစ်ခုကြောင့် ရှိုင်း မျက်နှာပေါ်မှာ အပြုံးလှလှလေးက လှစ်ခနဲ
မနက်တုန်းက အိမ်ကြီးအသျှင်က ပြောထားခဲ့တယ်လေ
ညနေကျရင် သူ ဥယျာဥ်ဘက်ကို လာခဲ့မယ်တဲ့
အဲ့ဒါကြောင့် ရှိုင်း ဒီနေ့ ခါတိုင်းထက် အလုပ်ကို စောစောသိမ်းလိုက်ခြင်းဖြစ်သည်

"အသျှင် "

ပြောပြောဆိုဆို သူ့ဘေးနား လာထိုင်သော ကောင်လေးက တစ်နေကုန် အလုပ် လုပ်ထားရတောင် မပင်ပန်းဘဲ တက်ကြွနေဟန်

"ငါ ညကျ မင့်နေတဲ့နေရာမှာ လိုက်အိပ်မှာ"

"ခင်ဗျာ....."
"အာ.......မရဘူး ထင်တယ် ရှိုင်း......"

"ငါ ခွင့်တောင်းနေတာမဟုတ်ဘူး သတိပေးနေတာ"

"အော် ဟုတ်"
ဘာတွေ အတွန့်ထပ်တက်မလို့လဲ ရှိုင်း
သူပိုင်တဲ့ နေရာဘဲ သူ့စိတ်ကြိုက်နေခွင့်ရှိတာပေါ့
ဒါမယ့်.....ဟူး.......အဲ့ ရုပ်တည်ကြီးနဲ့ နေရမှာ တကယ် စိတ်ကျဥ်းကြပ်တယ်

သူနေတဲ့နေရာမှာ လာနေမှာလို့ ပြောတာနဲ့ စကားတစ်ခွန်းမှ ထပ်မထွက်လာတော့ဘဲ စူပုတ်သွားသူကြောင့်
မဟူရာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်
ဘယ်လိုတောင် ကလေးဆန်လိုက်သလဲ......
ဟန်ဆောင်ပြီးတောင် ပြုံးမပြဘူး
တကယ့်ကလေးပဲ......
'ဟက်'

"ဘာရယ်တာလဲ"

"ဟင်"
အော် ငါ့နယ် စိတ်ထဲမှာပဲ ရယ်နေတယ် မှတ်တာ
ဘယ်ဟုတ်မလဲ......
"အာ...မဟုတ်ပါဘူး"
"ပြီးတော့ ငါ မင့်ဆီမှာ အလကားလာနေမှာ မဟုတ်ဘူး"

"ဟုတ်လား ဘာပေးမှာလဲ"

"ဘာလိုချင်လဲ"

"အပြင်ထွက်လည်ချင်တယ်"

"ဟင်"

"ဘာလဲ မရဘူးလား
ပြောတော့ ဘာလိုချင်လဲဆို သူပဲပြောပြီးတော့"

"ရတယ် ရတယ်
ဘယ်နေ့သွားချင်လဲ ဘယ်ကိုသွားချင်လဲ စဥ်းစားပြီးပြီလား"
မဟူရာ ထင်တာ တန်ဖိုးကြီးပစ္စည်းတစ်ခုခုတောင်းမယ်ပေါ့

"မသိဘူး ရှိုင်း ဘယ်သွားရမလဲမသိဘူး
အမှန်ပြောရရင် ရှိုင်း အဲ့လို တစ်ခါမှ မလည်ဖူးဘူး
အရင် ရှိုင်းနေတဲ့ အိမ်နဲ့ အခု ဒီနေရာက လွဲရင် ရှိုင်း ဘယ်မှမရောက်ဖူးဘူး"

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now