🍰💋

458 65 15
                                    

"ဒီနေ့ အိမ်ပြန်နောက်ကျမယ်"

တစ်ဖက်ကပြန်ပြောတဲ့စကားသံကိုနားမထောင်ဘဲ သူပြောချင်ရာပြောပြီးဖုန်းကိုချပစ်လိုက်တယ်။ဆက်နားထောင်လည်း ဒယ်ဒီ့ရဲ့ဆဲဆိုကြိမ်းမောင်းသံဘဲကြားရမှာမို့ သူနားပူတာဘဲရှိမယ်။

ကားစတီယာတိုင်ကိုကွေ့ပြီး ခြံထဲကို၀င်သွားသည်နဲ့ပါတီမှာရှိတဲ့လူတွေအကုန်လုံးကသူ့ရဲ့ပြိုင်ကားအနီရောင်ဆီကိုဘဲ အာရုံစူးစိုက်လာကြသည်။

ကားပေါ်ကဆင်းလာတဲ့ သူကAll blackနဲ့သန့်ပြန့်နေပြီး‌ ချောမောလွန်းတဲ့ရုပ်ရည်ကြောင့်ကြည့်လိုက်တာနဲ့မျိုးရိုးမြင့်ထဲကသခင်လေးတစ်ယောက်မှန်းတန်းသိနိုင်သည်။

"Happy Birthday မ"

မမကသူရောက်လာတာကိုမမြင်ဘဲ အခြားလူတွေနဲ့စကားပြောနေတာကိုအခွင့်ကောင်းယူပြီး ဂယူဗင်းကအနားကိုကပ်သွားကာ ပါးတစ်ဖက်ကိုနမ်းပြီးပြောလိုက်တယ်။

"မောင် ‌ရောက်တာကြာပြီလား"

"ခုလေးတင်ရောက်တာ ဒါကမအတွက်မွေးနေ့လက်ဆောင်"

ဂယူဗင်းလက်ထဲကပါလာတဲ့ဘူးလေးကို မမကျန်းယွီကို‌ပေးလိုက်တယ်။ဘူးထဲမှာပါတဲ့ စိန်ဆွဲကြိုးမျှင်ကိုမြင်တော့သူမက၀မ်းသာအားရပြုံးတယ်။

ဒါဘဲလေ မိန်းကလေးတွေအားလုံးကခုလိုမျိုးLuxury ဆန်ပြီးဈေးကြီးတဲ့ဟာတွေကိုကြိုက်တယ်မလား။ဂယူဗင်းဘ၀မှာ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုရဖို့အတွက်က ငှက်ပျောသီးအခွံနွှာစားရတာလောက်တောင်ခဲယဉ်းမနေဘူး။

"Cakeကတော့ခဏနေမှခွဲမှာ မောင်ဗိုက်ဆာရင်တစ်ခုခုစားနှင့်မလား"

"မောင်ဗိုက်မဆာပါဘူး မရဲ့မျက်နှာမြင်ရရင်ဘဲမောင်ကဗိုက်ပြည့်တယ်"

"မောင်နော် ပိုပြန်ပြီ"

ရှက်ပြီးတော့မျက်နှာလေးငုံ့သွားတဲ့အဖြူရောင်ဂါ၀န်လေးနဲ့သူမကဒီ‌နေ့ပွဲရဲ့ဇာတ်လိုက်မင်းသမီးလေး။

"မောင့်ကိုလေ ကျန်းယွီကဒီနေ့ပါးတို့မားတို့နဲ့မိတ်ဆက်ပေးဖို့လုပ်ထားတာ ဒါပေမယ့်သူတို့ကအလုပ်ကိစ္စနဲ့ခရီးထွက်သွားတာ "

TROUBLE MAKERWhere stories live. Discover now