🍓💭

453 70 7
                                    

နိုးလာတာနဲ့တစ်ရိပ်ရိပ်ကိုက်ခဲလာတဲ့ခေါင်းနဲ့အတူလေးလံနေတဲ့မျက်လုံးကိုမဖွင့်ချင်ဘဲဖွင့်လိုက်ရတယ်။‌ညကဝိုင်လေးနည်းနည်းလောက်ကိုမြည်စမ်းချင်ရုံလောက်ပဲသောက်လိုက်ပေမယ့် နဂိုတည်းကသောက်လေ့သိပ်ထမရှိတာမို့ဘယ်လောက်တောင်မူးသွားမှန်းမသိ။

ခေါင်းကိုက်ပေမယ့်လည်းကျောင်းကတော့သွားရအုံးမှာမို့ ချွမ်းရွေ့မှာရေမိုးချိုးဖို့ပြင်ဆင်ရတယ်။အားလုံးပြီးစီးလို့အောက်ထပ်ကိုဆင်းလာတော့ မမကမနက်စားစာဖို့ပေါင်မုန့်ကိုယိုသုတ်နေတာမို့ ချွမ်းရွေ့လည်းထမင်းစားဝိုင်းမှာ၀င်ထိုင်လိုက်သည်။

"Morning ချွမ်းရွေ့ ... မသောက်တတ်ဘဲသောက်ပြီးငါ့မောင်လေးခေါင်းကိုက်နေမယ်မှန်းသိလို့ မမကအမူးပြေဟင်းရည်ပြင်ပေးထားတယ် သောက်လိုက်အုံး"

"ကျေးဇူးမမ ... ညက ကျွန်တော်အခန်းထဲကိုဘယ်လိုပြန်ရောက်တာလဲ မမလိုက်ပို့ပေးတာလား"

"မောင်...အယ်...ဂယူဗင်းကလိုက်ပို့ပေးတာလေ မမကမင်းခန္ဓာကိုယ်ကိုမတွဲနိုင်ပါဘူး"

"အော် ... ဒါနဲ့ ကျွန်တော်ချော်တွေ,ဘာတွေလဲသေးလားဟင်"

"မြက်ခင်းပြင်ပေါ်လဲကျတာဘဲရှိတာပါ...ဘာဖြစ်လို့လဲ"

"ဟမ်...ဘာမှမဖြစ်ပါဘူး"

ချွမ်းရွေ့ဘာမှဆက်မပြောတော့ဘဲ ဟင်းရည်ကိုတစ်ဇွန်းချင်း‌ခပ်သောက်ရင်း ညကအဖြစ်ပျက်တွေကိုပြန်တွေးကြည့်နေရတယ်။ခက်တာက ချွမ်းရွေ့ရဲ့ဦးနှောက်လေးကဘာမှကိုမမှတ်မိဘူး။

မနက်ကအိပ်ယာနိုးလို့ရေချိုးခန်း၀င်တော့ နှုတ်ခမ်းကစပ်ဖျဉ်းဖျဉ်းဖြစ်နေလို့ကြည့်လိုက်မှ ထောင့်နားမှာသွေးခြေဥပြီးနှုတ်ခမ်းပေါက်ထားတဲ့ဒဏ်ရာကိုတွေ့တယ်။သူညကမူးမူးရူးရူးနဲ့စားပွဲတွေ၊နံရံတွေနဲ့များဆောင့်မိခဲ့လားမသိ။

မှတ်မိတာကတော့ မမကသူ့ရည်းစားကင်ဂယူဗင်းဆိုတဲ့သူနဲ့ ချွမ်း‌ရွေ့ကိုမိတ်ဆက်ပေးတယ်။နောက်ကျတော့မမရဲ့သူငယ်ချင်းအမကြီးတွေကချွမ်း‌ရွေ့ကိုဝိုင်းမြှောက်ပေးတာနဲ့ ဝိုင်နှစ်ခွက်လောက်သောက်လိုက်တယ်။အဲ့နောက်ပိုင်းကစပြီး ခုအိပ်ယာနိုးတဲ့ထိသူဘာမှမမှတ်မိတော့ဘူး။

TROUBLE MAKERDonde viven las historias. Descúbrelo ahora