107

506 79 6
                                    

  060

     " တကယ် မလိုဘူး ! "
  လျန်ဖုံးကေား ပြတ်သားစွာငြင်းပြီး စိတ်ကိုတင်းကာ ဖုန်းချလိုက်တယ် ။

  စူးယီမော့ကို ဒီလို ရှောင်ဖို့ လွယ်လို့လား ?

  ဖုန်းအချခံလိုက်ရတာနဲ့ သူ့ လက်အောက်က သတင်းရှာဖွေတဲ့အဖွဲ့ကို ဖုန်းဆက်ပြီး လျန်ဖုံးကေားရဲ့ ဖုန်းနံပါတ်တည်နေရာကို ရှာခိုင်းပြီး လိပ်စာကို ပို့ခိုင်းလာတယ် ။

  မကြာခင်မှာပဲ မက်စ်စေ့ကို လက်ခံရရှိလာတာမို့ စူးယီမော့ လိပ်စာအတိုင်း ရှာတော့တယ် ။

  လျန်ဖုံးကေားလည်း ဖုန်းချပြီးတာနဲ့ ခန့်မှန်းမိပြီလေ အကယ်၍ စူးယီမော့က သူ့ကို ရှာချင်ရင် လိပ်စာ မပေးလည်း ရှာတွေ့နိုင်တယ်လေ ၊ ဒါဆို ၊ သူရောက်လာရင် လန်ခွန်းနဲ့ ထိပ်တိုက်တိုးနိုင်တယ်.....

  သူက အေးအေးဆေးဆေးနဲ့ ရက်တချို့ကို ဖြတ်သန်းချင်တာလေ ဒါပေမဲ့ ဒီ အရှင်နှစ်ဦးက တယောက်က သူ့ကို လိုက်ပြီး မလွှတ်ပေးချင်ဘူး ၊ တယောက်က သူ့ကို ဘေးမှာ ချည်ထားချင်တယ် ၊ တကယ်ကို ခေါင်းကိုက်ရတယ် !

  အတင်းတွယ်ကပ်ပြီး မသွားချင်လည်း ရတယ် ဒါပေမဲ့ ဒီနေရာ အားရှီးနဲ့ လော့လော့တို့ရဲ့ နေရာလေ ၊ သူတို့က ကိုယ့်အပေါ်ကောင်းတယ် ဘော်ဒါပီသစွာနဲ့ ကိုယ့်ကို လာနေခိုင်းတယ် ၊ ဒါကို ကိုယ်က ဒီလို ရှယ်လူနှစ်ဦးကို ဒီ‌ကို ရောက်လာစေရင် သူတို့ရဲ့ တည်ငြိမ်နေတဲ့နေထိုင်မှုပါ ပျက်စီးသွားနိုင်တယ်ပေါ့ ---ပြီးတော့ စပျက်စီးစေပြီပဲ မဟုတ်လား ?

  စဉ်းစားလိုက်တော့ အခု တယောက်ကပဲ သူ့ကို ကူညီနိုင်တော့တယ် ။

  လျန်ဖုံးကေား က အန်းမုကို ဖုန်းဆက်ရတော့တယ်
  " မင်း အခုအားရဲ့လား ? "

 အန်းမုက ကိုယ်ရှေ့က အန်းချန်ကို ကြည့်လိုက်ပြီး အသာ ခေါင်းငြိမ့်ကာ
  " အင်း ၊ အားပါတယ် "

  အန်းချန် beef steak လှီးနေတဲ့လက်က နှေးသွားကာ နားစွင့်ပြီး နားထောင်နေတယ် ။

လူစားထိုးWhere stories live. Discover now