ပြဿနာရှာခြင်း၏နောက်ဆက်တွဲအကျိုးဆက်

47 10 0
                                    

[Unicode]

ပြဿနာရှာခြင်း၏နောက်ဆက်တွဲအကျိုးဆက်

အဆောက်အဦးတစ်ခု၏ရုံးခန်းထဲတွင် စစ်တပ်ယူနီဖောင်းဝတ်ထားသော အဖွဲ့ဝင်တစ်ဦးသည် တံခါးအား စိုးရိမ်တကြီးဖြင့် ဖွင့်ဝင်လာကာ စားပွဲခုံရှေ့တွင် ထိုင်နေသောလူအား စိတ်လှုပ်ရှားနေဟန်ဖြင့် အော်ပြောလိုက်သည်။
“ဒုတိယဗိုလ်ချုပ်ကြီး... သတင်းဆိုးရှိတယ်။မဒမ်နံရံကျော်ပြီး ထွက်ပြေးသွားပြန်ပြီ!”

ထိုစကားအားကြားသောအခါ သူ၏မျက်ခုံးမှာ ဖြည်းညှင်းစွာ မြင့်တက်သွားလေသည်။ ထို့နောက် စိတ်မဝင်စားသည့်ဟန်ဖြင့်
“မင်းဘာလို့ ပျာယာခတ်နေတာလဲ။ ဒါစစ်သားကောင်းတစ်ယောက်ရဲ့အပြုအမူလား?”

လူငယ်သည် ထစ်အစွာဖြင့်
“ဒါ.....ဒါပေမယ့် ဗိုလ်ချုပ်ပဲ မဒမ်ကိုထွက်ပြေးလို့မရအောင်အနီးကပ်စောင့်ကြည့်ဖို့ အမိန့်ပေးထားတယ်လေ “

“သူကိုလုံခြုံအောင်စောင့်ရှောက်ပေးမယ့်လူတစ်ချို့သာရှာလိုက်....အခုထွက်သွားလို့ရပြီ။”
ထိုညွှန်ကြားချက်အားပေးပြီးနောက် ခေါင်းငုံ့ကာ စာရွက်စာတမ်းများအားဆက်လက်ကြည့်ရှုနေလေသည်။

လူငယ်မှာ ဗိုလ်ချုပ် ဘာလို့ ယခုကဲ့သို့ အမိန့်ပေးရသည်အား နားမလည်နိုင်ခဲ့ပေ။

တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖြစ်အပျက်ကို သတိမထားမိဘူးဆိုရအောင်လည်း ဒီမှာ ဝိညာဉ်တစ်ကောင်မှ မှမရှိပဲ။
မဒမ်သည် သူ့သူငယ်ချင်းများနှင့် ပါတီပေါင်းများစွာတက်ခဲ့သည့်အတွက်ကြောင့် ဗိုလ်ချုပ်၏စုပုံထားသောဒေါသများအားဖော်ထုတ်ခဲ့ပုံရသည်။

 လူငယ်လေးသည် သူ့ဘာသာတစ်ယောက်ထဲတွေးနေသော်လည်း တစ်ဖက်လူ၏အမိန့်များအား လိုက်နာလျက်ရှိနေသေးသည်။
“နားလည်ပါပြီ ဒုတိယဗိုလ်ချုပ်ကြီး”

သူသည် မဒမ်အား စောင့်ကြည့်ရန် လူတစ်ချို့အား အမြန်စုဆောင်းရန် လုပ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် မဒမ်သာ အမှန်တကယ် တစ်ခုခု လွန်လွန်ကဲကဲ လုပ်ခဲ့ရင် သူတို့ကို ဒုဗိုလ်ချုပ်ကြီး သေတဲ့အထိ ရိုက်သတ်လောက်သည်။

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

A Collection of BL ShortsWhere stories live. Discover now