ရွံ့မြေကြားမှ မေတ္တာပန်း ep 31

491 17 0
                                    

အန်တီ့ဆီက သစ်ထွက်လာပီး သစ်ရဲ့အရင်အိမ်လေးဆီသာ
သစ်ဦးတည်ပီးလာခဲ့မိသည်
ဘာလို့လဲ အန်တီရယ်..
အန်တီဘာလို့ ဘာမှမပြောခဲ့တာလဲ..
သစ်လေ အန်တီသာဖြေရှင်းချက်ပေးမယ်ဆိုအန်တီ့နားကထွက်လာမိမှာမဟုဘူး
ခုတော့ သစ်ထွက်လာမိပီ
သစ်အရမ်းနာတာပဲ ရင်ဘက်ထဲက
ဘာလို့လဲတော့ သစ်မသိဘူး
သစ် အိမ်လေးဆီရောက်တော့
သစ်မျက်ရည်တွေရပ်တန့့်သွားသည်
အန်တီနဲ့တူတူနေလာတဲ့တစ်လျောက်လုံး
ကျောင်းရော အန်တီစိတ်မချတာရောဆိုပီးတစ်ယောက်ထဲမလွတ်တာမို့ အန်တီနဲ့တူတူနှစ်ခေါက်သုံးခေါက်တော့ရောက်ဖြစ်ပေမဲ့ အန်တီ့ကုမ္ပဏီမှာအလုပ်ဝင်ပီးနောက်ပိုင်း
သစ်အိမ်လေးဆီမရောက်ဖြစ်တော့ပါ
သစ်ရဲ့အရင်င်အိမ်လေးဟာ ထရံအိမ်လေးကိုမှ နောက်ကဇောင်းချထားတာ  ဒါမဲ့ ခုကျ တစ်ထပ်တိုက်လေးကိုမှ
အပေါ်ကဝရံတာလေးနဲ့  ခြံရှေ့မှာလဲပန်းပင်လေးတွေ
အန်တီ...အန်တီသာအနားမှာရှိရင်သစ်ပြေးဖက်မိမှာ
သစ်အိမ်လေးကိုကြည့်ပီး သစ်အိမ်ရှေ့လေးမှာထိုင်ချကာ
ငိုနေမိသည်
အန်တီ  အန်တီလဲသစ်ကိုချစ်တယ်မလားဟင်..
ဒါဆို ဘာလို့ဘာမှမပြောခဲ့ရတာလဲ
သစ်မှာအချိန်အတော်ကြာသည်အထိ ထိုင်ငိုနေမိသည်

သစ် လေအန်တီ့ကိုအရမ်းချစ်တယ်...
အန်တီပြန်လာခေါ်မယ်မလားဟင်..
သစ်လေ အန်တီ့ကိုစောင့်နေပါ့မယ်နော်....
သစ်အရမ်းမြတ်နိုးရတဲ့အန်တီ့ကိုသစ်ယုံတယ်

တစ်ဖက်မှာလဲ

စော တီလေးရော....

မမထိုက်အတွက် ဆန်ပြုတ်လုပ်ပေးဖို့ဆင်းလာတဲ့ချိန်
ခေါ်လာသည့့်အသံလာရာဆီစောကြည့်မိတော့  ရိူင်း..
မျက်နှာလာပြရဲသေးတဲ့ရိူင်းကိုစောတကယ်အံ့သြမိပါသည်
ဘယ်လိုများလုပ်ရက်နိုင်ခဲ့တာလဲ
မမထိုက်က ကုမ္ပဏီကိုရိူင်းလေးနာမည်နဲ့လွဲထားပီးသားပါ
ဒါကိုတောင်လုပ်ရက်တယ်
ခုဆိုမမထိုက်ကိုပြောဆိုနေကြတာရစရာကိုမရှိတော့ဘူး
သစ်လေးကိုချစ်နေတာမို့ဆိုလဲ ဒီလိုတော့မလုပ်သင့့်ဘူးမလား
စောစိတ်ထဲမှာ မယုံကြည်နိုင်ဖြစ်နေမိသည်

ဘာလာလုပ်တာလဲ.....

စောကလဲ ရိူင်းက တီလေးနဲ့လာတွေ့တာလေ..
နောက်ပီး ဒါရိူင်းအိမ်ပဲ.....

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now