Part-2

12 0 0
                                    

ကူးလေးအိမ်ရဲ့ဧည့်ခန်းတွင်အားလုံးငုတ်တုတ်ထိုင်နေကြသည် နေခြည်လည်းဘာပြောရမှန်းမသိ သူပြောသင့်တာပြောပြီးပြီပဲကို

"ဘယ်လိုဖစ်တာလည်းပြောပါအုံး ဒဏ္ဍာရီရယ်"

"ဟို ဖွားဖွားပြောတက်ဘူးရှက်တယ်"

"အေးပါကွယ် ဒါမဲ့မိန်းကလေးချင်းပဲဘာမှမဖစ်ပါဘူး လက်ထက်ဖို့မလိုပါဘူး"

ဖွားဖွားတကယ်အလိုက်မသိဘူး ကူးလေးတို့တော့တိုင်ပတ်ပြီ

"အာ ဖွားဖွားကလည်း ဖွားဖွားမှာမြေးလေးတစ်ယောက်ပဲရှိတာကို"

"အဲ့တော့ဘာဖစ်လည်း ဖွားဖွားမြေးကို မိန်းကလေးတစ်ယောက်နဲ့မပေးစားနိုင်ပါဘူး"

"ဖွားဖွား ကူးငိုလိုက်မှာနော် ဖွားဖွားမပေးစားရင် နေနေကိုခိုးပြေးခိုင်းမှာ"

"အမလေးတော် အရမ်းတော်တဲ့မြေး တစ်ညလေးနဲ့ အနှစ်နှစ်ဆယ်ကျော် အနားမှာနေခဲ့တဲ့အဖွားကို လွန်ဆန်ပြီးပေါ့"

"မသိဘူးမသိဘူး ကူးကတော့နေနေကိုယူမှာပဲ ဖွားဖွားသဘောတူရင်ပြီးပါတယ်နော်ဖွားဖွား"

ကူလေး နေခြည်ကိုအဲ့လောက်ယူချင်မှန်းမသိခဲ့ဘူး အခုတော့သူတောင်​ပြောစရာမလိုတော့ဘူး

"ဟင်း ဒီကကောင်မလေး အဖွားမြေးကိုဘာနဲ့တင်တောင်းမှာလည်း ပါးစပ်နဲ့တင်တော့မရဘူးနော်"

"ဟာဖွားဖွားကလည်း အဲ့တာတေမလိုပါဘူး နေနေကိုအပိုင်ရရင်ရပြီ"

"တယ် လုပ်လိုက်ရ"

"အမ် ကျနော့အနေနဲ့မေးမှာက ကျနော့ဘဝကိုပါ"

"ရတယ် ယူမယ်ယူမယ်"

ကူးလေးကိုယ်မနိုင်တော့ဘူး

"ဘယ်လို မင်းစီးလာတဲ့ကားရယ်အခုမင်းလက်ကနာရီရယ် မင်းအဝတ်အစားတေရယ်ကိုနဲနဲထောက်ပြီးမှပြောပါလားကွယ် အဘွားကသဘောတူချင်တာမဟုတ်ဘူး မြေးမလေးကိုစိတ်ချမ်းသာစေချင်လို့ တင်တောင်းတာကိုမက်လို့မဟုတ်ပဲ မြေးမလေးကိုတန်ဖိုးထားစေချင်ယုံပဲ"

အဘွားပြောတာလည်းမှန်ပါတယ် တန်ဖိုးလည်းထားပါတယ် တန်ဖိုးထားလို့ပဲ ကိုယ့်ဘဝကိုပေးတာပေါ့ အမှန်တော့နေခြည်က အသဲကွဲ ပြီးနောက်ပိုင်းကိုယ့်ကိုယ်ကိုအရမ်းချစ်တတ်သူပါလေ နေခြည့်ဘဝမှာကိုယ့်ကိုယ်ကိုတန်ဖိုးအထားဆုံးမို့ပေးမယ်ပြောတာမှားနေရောလား

You've reached the end of published parts.

⏰ Last updated: Mar 27 ⏰

Add this story to your Library to get notified about new parts!

Want me? Come Where stories live. Discover now