"ဗိုက်ဆာတယ် ငါ့ကို တစ်ခုခုကျွေး"
"ငါ့မှာလဲ ဘာမှမရှိဘူး ခြံထဲသွားပြီိး အသီးတွေသွားခူးမှရမှာ"
"မရဘူး ကျွေး! အခုကျွေး! ငါ ဆာလောင်တဲ့ဒဏ်ကိုမခံနိုင်ဘူး"
ဗိုက်ကိုပွတ်ရင်း သူ့အနောက်ကို တကောက်ကောက်လိုက်နေသည့်ကောင်လေးက တကယ့်အမွှေစိန်တစ်ယောက်လိုပင်။
မျက်နှာကိုမမြင်ရတာကြောင့် ဘယ်သူလဲဆိုတာ သေချာမသိသော်လည်း အသံကိုတော့ သူရင်းနှီးနေခဲ့သည်။ ထို့နောက် ယောန်ဂျွန်းမှာ လက်ထဲက တံမြက်စည်းကို သူ့နေရာသူပြန်ထားရင်း သက်ပြင်းအရှည်ကြီးချကာ
"ငါအခု အဘိုးလေးခြံထဲသွားမယ်" "မင်းအတွက် သရက်သီးမှည့်တွေလဲ ခူးခဲ့ပေးမယ်" "အဲ့တာကြောင့် မင်းပါးစပ်ကို ပိတ်လိုက်တော့ ငါအရမ်းနားညီးတယ်"
သူ့ရဲ့အင်္ကျီကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့်ကောင်လေးမှာ ပျော်သည့်အရိပ်အယောင်သမ်းသွားသော်လည်း လက်ကိုတော့အခုထိမလွှတ်ပေးသေး။
"မရပါဘူး ဂျွန်းအနောက်ပဲလိုက်မှာ" "ဂျွန်းနဲ့အတူနေမှာ"
သူဘယ်လောက်ပြောပြော သူ့စကားကို နားထောင်ဖို့ စိတ်ကူးမရှိသည့်သူဖြစ်တာကြောင့် ယောန်ဂျွန်းတစ်ယောက် ထပ်ပြီး သက်ပြင်းချမိပါ၏။
ထို့နောက် သူ့အင်္ကျီလက်ကို ဆတ်ခနဲဆွဲယူပြီး
"ဒီဟာကိုတော့ လွှတ်ပေး ဟျောင့်"
"မလွှတ်နိုင်ပါဘူး! ဂျွန်းထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"
သူ့ထပ်ပိုထွားသည့်ကောင်လေးက စိုးရိမ်မှုတွေဖြင့်ပြည့်နှက်နေသောလေသံဖြင့်မေးလာတော့ စိတ်ကိုတင်းမထားနိုင်တော့။ ယောန်ဂျွန်းမှာ သူ့အင်္ကျီကိုဆွဲထားသည့် နို့နှစ်ရောင်လက်ဖမိုးလေးနှင့် နီရဲနေသော လက်အဆစ်များကို အုပ်မိုးကာ
"ငါထွက်မပြေးပါဘူး ကတိပေးတယ်" "အဲ့တာကြောင့် အင်္ကျီကို ခဏလောက်လွှတ်လိုက်နော်" "ငါသွားရလာရတာ အဆင်မပြေဘူးဆိုတာ မင်းလဲသိရဲ့သားနဲ့...."
သူ့ဘက်က ထွက်မပြေးဘူးလို့ ကတိပေးကာ ထိုကတိကို တည်ခဲ့ပေမဲ့ ကလေးငယ်ကတော့ သူ့ကိုထားကာ ထွက်ပြေးသွားမည်ဆိုသည့်ခံစားချက်မျိုးကိုရနေ၏။
YOU ARE READING
1993
Fanfiction"အရောင်ထဲမှာဆို ကိုယ်တော်....ရွှေရောင်ကိုသဘောကျတယ်" "ဘာလို့လဲ သိလား" "ဘာလို့လဲ အရှင်...." "ဘာလို့လဲဆိုတော့.....ကြက်သွေးရောင်နဲ့လိုက်ဖက်လို့"