အပိုင်း(23)

1.2K 95 8
                                    

''ဟင်...မင်း...မင်းကဘယ်လိုကဘယ်လို''

အကြီးအကဲတစ်ယောက်ကအံသြစွာထပြောတဲ့လိုက်တဲ့စကားအဆုံးအကုန်လုံးရဲ့အကြည့်က ဝင်ပေါက်ဆီကိုရောက်သွားသည်။

မိုရာဆိုတာအံသြလွန်းလို့ဘာပြောရမှန်းကိုမသိတဲ့အထိပင်ဖြစ်ရသည်။ခါရူးကိုကြည့်တော့လဲ သူလဲဘာမှမသိတဲ့ပုံလိုမျိုးအရှေ့ကလူကိုသာငေးနေသည်။

''ကဲ..အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်နော်ဒီလိုအချိန်မျိုးမှာ..ဒီလိုပုံစံနဲ့တွေ့ရတာစိတ်တော့မကောင်းပေမဲ့မတတ်နိုင်လို့ပါ''

''အ...အကိူကြီး...အကိုကြီးကဘယ်လိုဖြစ်လို့''

ဟုသည်..ပုန်ကန်သူတွေကိုဦးဆောင်လာတာတခြားသူတော့မဟု..ခါရူးရဲ့အကိုကြီးအန်ဒရူးပင်ဖြစ်သည်။အာ့တာကြောင့်ခါရူးလဲ..ဘာမှပြောမထွက်ပဲအံ့သြနေတာဖြစ်မည်။မိုရာကိုယ်တိုင်လဲအံ့သြနေရတာခုထိဘာလို့ဆို ခါရူးကသူ့အကိုကိုသိပ်ချစ်သလိုသူ့အကိုကလဲခါရူးကိုချစ်တဲ့ပုံဖြစ်သည်။အခုကဘာလို့ဒီလိုဖြစ်သွားရတာလဲနားမလည်နိုင်ပေ။

''အာ..အံ့သြသွားလား..သခင်....အိုး..မှားသွားလို့အခုကသခင်ဘယ်ဟုတော့မလဲနော်..နောက် ဆိူအစေခံတောင်ဖြစ်ရင်ဖြစ်မှာ''


''မင်း...မင်းသစ္စာဖောက်မျိုးနွယ်ကိုသစ္စာဖောက်တယ်"

အကြီးအကဲတစ်ယောက်ကဒေါသထွက်စွာနဲ့ဝင်ပြောတော့အေးအေးဆေးဆေးစကားပြောနေတဲ့အန်ဒရူးကရုတ်ချည်းဒေါသတွေထွက်ပြီးလူသတ်မဲ့ပုံစံဖြင့်ထိုအကြီးအကဲအနားကိုရောက်သွားပြီ လည်ပင်းကိုဓားနဲ့ထောက်ကာ

''စောက်အဖိုးကြီးတွေပါးစပ်ပိတ်ထား...မသေချင်သေးရင်..အကုန်လုံးကိုဝိုင်းထားလိူက်တစ်ယောက်မှမထွက်စေနဲ့''

အန်ဒရူးလဲအော်လိုက်ရောအကြီးအကဲတွေကတစ်ယောက်မှတုပ်တုပ်တောင်မလှုပ်ရဲတော့ပေ။ထို့နောက် အန်ဒရူးက နောက်ကပုန်ကန်သူတွေကိုအော်ပြောလိုက်တော့အကုန်လုံးကမိုရာတို့ကိုဝိုင်းထားသည်။ ထိုအချိန်မှ ခါရူးကအသိဝင်လာတဲ့လူလိုမျိုးဓားကိုကောက်ကိုင်ပြီး မိုရာနဲ့နာရာကိုသူ့အနားခေါ်ပြီးကာကွယ်ပေးထားသည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now