Ch-6 : စုံစမ်းစစ်ဆေးရေး

115 21 0
                                    


Ch-6 : စုံစမ်းစစ်ဆေးရေး

"မှုခင်းဆရာဝန်! သူမ က တကယ်ကို နုပျိုလှပတယ်လား?!" ရှကျင်း အံ့သြသွားမိသည်။ ယခင်က မှုခင်းဆရာဝန်များ၏ ကျွမ်းကျင်မှုကို သဘောကျခဲ့သော်လည်း ထိုကဲ့သို့ မိန်းကလေးမျိုး ရှိလာမည်ဟု မထင်ထားခဲ့ပေ။

"အရူပ်တွေလျှောက်မလုပ်နဲ့၊ငါတို့ရှောင်ထောင် က ဒီမနက် မြို့သစ်ခရိုင်ကနေ သယ်ယူလာတဲ့ အမျိုးသားအလောင်းကိုခွဲစိတ်လာတာ..."

"မိုက်လိုက်တာ!ကျွန်တော်တို့ စုံစမ်းဖို့မြို့သစ်ခရိုင်ကိုသွားမလို့၊အစ်မရှောင်ထောင် ကျွန်တော်တို့နဲ့အတူလိုက်ချင်လား?"ရှကျင်းက တကယ်ပဲ သေးသေးသွယ်သွယ် ကောင်မလေးကို သဘောကျသည်။

"ငါက ငါ့ဆရာရဲ့လက်ထောက်ပဲရှိသေးတာ"ယင်ထောင်က ကူရာမဲ့စွာရှင်းပြသည်။ရှကျင်း၏ မျက်နှာပေါ်ရှိ စိတ်အားထက်သန်သော အမူအရာကို မြင်လိုက်ရသဖြင့် သူမ မငြင်းဆန်တော့။"ကောင်းပြီ၊ အလောင်းခွဲစိတ်မှုမှာ အရေးကြီးတဲ့ တစ်စုံတစ်ရာကို မတွေ့သေးတော့ ငါ မင်းနဲ့အတူမြို့သစ်ခရိုင်ကို လိုက်ကြည့်မယ်"

ယင်ထောင်က သူတို့နဲ့အတူ ရဲကားထဲကို ဝင်လိုက်ပြီး ပိုင်လော် နဲ့ အတူ အနောက်မှာ ထိုင်နေချိန်မှာပဲ ရှကျင်းကကားမောင်းသည်။ ခရီးသည် ထိုင်ခုံတွင် အသက်လေးဆယ်ကျော် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှိသည်။

"ရှောင်ထောင်၊သူက ငါ့ဆရာ၊ခေါင်းဆောင်ချန်း၊သူကလည်း ငါတို့ရဲ့ဒုတိယအဖွဲ့ထဲကလေ"ပိုင်လော်၏စကားတွေကို ကြားတာနဲ့ ယင်ထောင်က သူ့ရှေ့မှာ လူလတ်ပိုင်းအရွယ် အမျိုးသားကို အနီးကပ် ကြည့်လိုက်တယ်။ခေါင်း‌ဆောင်ချန်း အကြောင်း မူရင်းဝတ္ထုတွင် အကျဉ်းချုံးဖော်ပြထားသည်။အဘယ်ကြောင့်ဆိုသော် ဝတ္ထုတွင် ဒုတိယဇာတ်လိုက်မင်းသားဖန်ကျင်းက စုံထောက်အဖွဲ့၏ကပ္ပတိန်လည်းဖြစ်သောကြောင့် ဖြစ်သည်။

"မင်္ဂလာပါ၊ခေါင်းဆောင်ချန်း" ယင်ထောင် သည် အရှေ့က လူလတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်ရင်း အလွန်သက်တောင့်သက်သာခံစားရတယ်။ မူရင်းဝတ္ထု၏ ဒုတိယဇာတ်လိုက်မင်းသားနှင့် ရင်ဆိုင်ရန် မလိုအပ်သေးသရွေ့ အရာအားလုံးသည် ကောင်းမွန်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now