2

401 67 6
                                    

ဒီနေ့အတွက်လေ့လာရမဲ့အတန်းချိန်များ ပြီးဆုံးသွားတဲ့အခါ တာဝန်တစ်ခုလျော့ကျသွားသလို ခံစားလိုက်ရ၏။

sunooသည်ကျောပိုးအိတ်အဖြူရောင်ကို ပုခုံးတဖက်မှာလွယ်ရင်း မရယ်မပြုံးမျက်နှာတည်လေးနဲ့ကျောင်းလမ်းအတိုင်းလျှောက်လာမိသည်။

ကိုယ်နေဟန်ထားကအစကြည့်ကောင်းပြီး ဖူးစင်နေတဲ့မျက်နှာလေးကပြုံးရယ်လိုက်ရင် မည်မျှလှမည်နည်း။ဒီမေးခွန်းရဲ့အဖြေကို သူ့ကိုသဘောကျနေသူတိုင်းက သိချင်ကြပေမဲ့ kim sunooကတော့ရေကြည်အိုင်လို ငြိမ်တည်သောမာနကြီးကြီးမျက်နှာထားလေးသာရှိနေခဲ့သည်။

jungwonieနဲ့သူက မေဂျာမတူတာမို့ ဒီအချိန်ဆိုjungwonက classတွေပြီးလို့ အိမ်ပြန်ရောက်နေလောက်ပြီပင်။

ကားပေါ်ရောက်ရောက်ချင်း သူ့ဖုန်းထဲကိုmailတစ်စောင်ဝင်လာခဲ့ပြီး ထိုအရာကသူတာဝန်ယူထားတဲ့projectတစ်ခုအကြောင်းဖြစ်နေခဲ့ပါ၏။ဒီprojectအသေးစားနဲ့ပတ်သတ်ပြီးAIကျွမ်းကျင်တစ်ဦးဖြစ်တဲ့Mr.Smisနဲ့ တွေ့ဆုံရတော့မည်မို့ သူ့ကြိုးစားမှုအရာထင်သည့်အတွက်စိတ်ကျေနပ်သွားမိလေသည်။

ဒီကိစ္စကို ဖေဖေ့ကိုပြောပြရင်ဖေဖေလည်းကျေနပ်မှာ
သေချာ၏။အတွေးနဲ့အတူ အိမ်ပြန်လမ်းတစ်လျှောက် ကားကိုကျွမ်းကျင်စွာမောင်းနှင်လာရင်း သူတက်ကြွနေမိခဲ့သည်။အိမ်ပြန်အရောက်မှာတော့ ဖုန်းကိုကိုင်ကာ ဖေဖေ့အလုပ်ခန်းဆီ အရင်ဦးတည်သွားမိ၏။

ဒါပေမဲ့ သူထင်ထားသလိုဖေဖေက အလုပ်ခန်းထဲတွင်ရှိမနေခဲ့ပါ။ထိုအစား အလုပ်စားပွဲပေါ်မှာ ပွင့်ရက်သားစက္ကူဖိုင်တွဲတစ်ခုကသာ ဖရိုဖရဲဆန်စွာရှိနေခဲ့လေသည်။

sunooထိုစက္ကူအိတ်ဘေးတွင်ပြန့်ကျဲနေသော ဓာတ်ပုံအထပ်လိုက်ကို ကောက်ယူကာကြည့်လိုက်မိ၏။ ထိုပုံတွေထဲတွင် jungwonနဲ့ park jayနှစ်ယောက်ထဲသာရှိနေခဲ့ပြီး ရင်းနှီးလွန်းတဲ့သူတို့အပြုအမူများပါဝင်နေခဲ့ကြသည်။

မဟုတ်မှလွဲရော။

"jungwonie.."

သူ့ခေါင်းထဲမှာ အချက်ပေးသံတစ်ခုကဖြတ်ပြေးသွားခဲ့ပြီးနောက် ဖေဖေ့အခန်းထဲကိုချက်ချင်းတန်းဝင်သွားလိုက်မိတော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

Those amber brown eyesWhere stories live. Discover now