Unicode
နှစ်လခန့်ကြာပြီးနောက် ။
December သည် လွန်ခဲ့၍ February ၏အသက်ဝိညာဉ်သည် လောကဓာတ်ကို အသက်သွင်းလျက် Red Maple ပင်များတွင် ရွက်နီငယ်များပြုတ်ပြုတ်ပြုန်းလျက် ။
နွေဦးကိုစောင့်နေကြသည် ၊ သူနှင့်အတူ Red Maple များလည်း ရွက်သစ်ဝေနိုင်မည့် နွေကိုမျှော်နေကြဟန်တူပါသည် ။
အစအန အရိပ်အယောင်လေးပင် မမြင်ရတော့သည့် တစ်စုံတစ်ဦးအား ကော်ဖီဆိုင်ရောက်လေတိုင်း ၊ ကော်ဖီဖျော်လေတိုင်း မှတ်ဉာဏ်ဆီမှ အလည်ခေါ်မိနေတတ်သည် ။
စိမ်းရက်လေသူဟု အမည်တပ်ရင်ဖြင့် ကိုယ်လွန်မလား ၊ နွေကို သဘောကျပါသည်ဟုဆိုခဲ့သူသည် နွေပေါက်တော့မည်ဖြစ်သည့်တိုင် သူ့ဆီသို့ ရောက်မလာခဲ့ ။
ကော်ဖီဆိုင်မှစခဲ့သည့် တစ်ရက်တာသက်တမ်းရှိ အမှတ်တရမမည်သော အမှတ်တရအပိုင်းအစလေးအား စာရေးဆရာကြီးသည် မမေ့ဖျောက်နိုင်သေး ။
နှလုံးအိမ်တွင်တည်သော လွမ်းဆွတ်တမ်းတခြင်းရောဂါသည် ဆောင်းဦးတွင်ရင်းကာ နွေဦးရောက်ခါနီးတိုင်သက်သာမလာ ပို၍သာဆိုးဆိုးလာနေသည် ။
" ဘာမှလည်း ရေးလို့မရ "
Laptop ဖန်သားပြင်ပေါ်ရှိ စကားလုံးများသည် ရှေ့ဆက်မသွားတော့သည်မှာ အချိန်တစ်ခုကြာသည်အထိ ။
စာရေးစားပွဲရှေ့ထိုင်နေသော်လည်း ပြတင်းအပြင်မှ ခြောက်ကပ်ကပ်ဆောင်းနှောင်းသရုပ်ကိုငေးရင်း အတွေးများသည် လေနှင့်အတူ လွင့်ပါသွားသည်ဟုထင်ရသည် ။
အမှန်ဆိုလျှင် ဒီဇင်ဘာလကုန်တည်းက သူသည် ဆိုးလ်ကို ပြန်ရောက်နေရမည့်လူ ။ယခုတော့ နှုတ်ဆက်စကားတစ်ခွန်းမဆိုဘဲ ထွက်သွားခဲ့သူကို စောင့်ဆိုင်းရင်း နှစ်လဟူသောအချိန်ကို သူအလဟဿကုန်ဆုံးလိုက်မိပြီ ဖြစ်မည် ။
စားပွဲမှ ထရပ်လိုက်ကာ ပြတင်းပေါက်ထောင့်ရှိ အဖြူရောင်လိုက်ကာ၏ ကြိုးပတ်ကိုဆွဲဖြုတ်လိုက်သည် ။ ထို့နောက် သူ့အား အတွေးများစေသော အရိပ်များကို လိုက်ကာပိတ်သားပြင်ဖြင့် ဖုံးကွယ်လိုက်သည် ။
YOU ARE READING
SYDNEY SERENADE
FanfictionJungkook x Seok Jin | Summer Holiday Special [ ✓ ] ဆောင်းမှာစုံသည့် ဖူးစာ နွေတွင်အခန်းဆက် ။ တစ်ချက် တစ်ချက်ဝင့်သည့် မျက်စောင်းလှလှများသည် စာရေးဆရာကြီး၏ ပါးပေါ် တစ်ချက်နမ်းရန် တင်သည့်ဆပ်ကြွေး ။ 29th March 2024