ဇာတ်သိမ်းခန်း။

662 66 31
                                    

ခရမ်းသီးကို ဆီပြန်အိုးကပ်ကလေးချက်ပြီး ကြက်သွန်ဖြူအုပ်ထားတော့ အနံ့က စားချင့်စဖွယ် ဖြစ်နေ၏။ ငါးက်ြိုက်တတ်သောမောင့်အတွက် ငါးဟင်းမွှေးမွှေးလေးကတော့ အထူးစပါယ်ရှယ်ပင်။ ဟင်းရည်မပါလျှင် ထမင်းမမြိန်ဟုဆိုတတ်သေးသဖြင့်လည်း ဖရုံညွန့်ကလေးများကို အရည်သောက်ကလေး ချက်ထားပေးမိသည်။ အချဉ်အတွက်ကတော့ ဈေးထဲတွင် အချိန်မဟုတ် အခါမဟုတ် တွေ့ခဲ့ရသော သရက်သီးစိမ်းကလေးများကို ဂျစ်ဖြင့်ခြစ်၍ မြေပဲမှုန့်ကလေးဖြင့်နှယ်ကာ ကြက်သွန်နီဖြင့် သုပ်ထားလိုက်သည်။
မောင် ဆေးခန်းက ပြန်လာလျှင် မြိန်ရေယှက်ရေစားစေ့ချင်သည်။

သူမ ဆေးခန်းမထိုင်သည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်၏။ ကိစ္စအားလုံး ရှင်းလင်းသွားပြီမို့ သူမ ကိုယ့်စိတ်ကိုယ် အကောင်းဆုံးပြင်ဆင်ပြီးပြီဟု ထင်၏။ နောက်နောင်များတွင်လည်း မလုပ်သင့်မလုပ်ထိုက်သည်ကို မလုပ်မိအောင်ဆင်ခြင်မည်၊ မောင့်ကိုပိုချစ်ပေးမည်ဟူသောအတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ ထင်၏။ ထို့ကြောင့် သူမ သဘက်ခါမှစ၍ မောင်နှင့်အတူ ဆေးခန်းပြန်ထိုင်ဖို့ တွေးထား၏။ မောင့်အလိုအတိုင်း သားသားလေး သို့တည်းမဟုတ် မီးမီးလေးတစ်ဦးယူမည်ဟုလည်း စိတ်ကူးပြီးဖြစ်သည်။တစ်သက်လုံး သူမကိုပျော်အောင်ထားသည့် မောင့်ကိုလည်း သူမ ပျော်စေချင်ပါ၏။

အချိန်မှာ နေရောင်ဖျော့ဖျော့သာကျန်သော ညနေ၆နာရီခွဲ။ ဆိုရှယ်မီဒီယာ သုံးလွန်းလှသည်မဟုတ်သော်လည်း တစ်ခါတစ်ရံတွင်တော့ စိတ်ဝင်စားစရာကောင်းသည်များကို ၎င်းပလတ်ဖောင်းတွင် တွေ့ရတတ်သဖြင့် သူမ မကြာမကြာတော့ ကြည့်ဖြစ်သည်။ ယခုလည်း နိုင်ငံခြားpageတစ်ခုမှ dental implant နှင့်ဆိုင်သော ဆွေးချက်တစ်ခုကို တင်ထားသည်မို့ သူမ စိတ်ဝင်တစား ကြည့်မိ၏။ videoဆုံးတော့ Facebook စာမျက်နှာကို တစ်ချက်ဆွဲလိုက်သည်။ ခနမျှ အဝိုင်းကလေးလည်ကာ အသစ်အသစ်သော သတင်းများ တက်လာ၏။ သူမ၏ အကောင့်ထဲတွင်မူ သတင်းများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအကြောင်းအရာများသာ အတွေ့ရများသည်။

You've reached the end of published parts.

⏰ Last updated: Apr 02 ⏰

Add this story to your Library to get notified about new parts!

May Oo Moe (Completed)Where stories live. Discover now