06

103 8 4
                                    

"ကျနော် မလိုက်လို့မရဘူးလားဟင်"

သူအရဲစွန့်ကာပြောမိတယ် ဟုတ်သည်လေ သူ့လုပ်ငန်းရှင်တွေနဲ့ ညစာ စားမှာက သူလိုက်စရာ လိုလို့လား ပြီးတော့လဲ လူတွေ အများကြီးနဲ့ သူအဲ့လို နေရာမျိုးတွေ မုန်းတယ် ။

"ရော့...."

သူ့အတွတ်ပေးလာတဲ့ အနောက်တိုင်း suit..။

မလိုချင်ဘူး ဝတ်လဲမဝတ်ချင်ဘူး ချမ်းသာတဲ့လူတွေနဲ့ မတွေ့ချင်ဘူး သူတို့တွေရဲ့စိတ်က ခန့်မှန်းရ ခက်တယ်  ။

"ငါ အပြင်ကစောင့်နေမယ်"

သူလုပ်ချင်တာသာ တဇွတ်ထိုးလုပ်တတ်တဲ့ ထိုလူကြီးကိုလဲ မုန်းမိပါတယ် ။

သူ့အတွတ် အဝတ်ပေးပြီးတာနဲ့ အပြင်ကိုထွက်သွားတဲ့ ထိုလူကြီး....။

Win လဲသူ့အတွတ်ပေးတဲ့ ဝတ်စုံကိုယူဝတ်ကာ အောက်ထပ်သို့ ဆင်းခဲ့လိုက်တယ် ။

"ကျနော်ပြီးပြီ"

အသံကြားလို့ မော့ကြည့်လိုက်တော့ အနောက်တိုင်း suit နဲ့ကောင်လေးဟာ လူကြီး လူကောင်းလေးလို....။

"ပြီးရင်သွားမယ်"

ရပ်ထားတဲ့ ကားထဲ ဝင်သွားလိုက်တော့ Winပါ လိုက်ဝင်လိုက်တယ်...။

ဒီညတော့ ထိုလူကြီး ကိုယ်တိုင်မောင်းတဲ့ကားကို လိုက်စီးခဲ့ရတယ် ကားမောင်းနေတဲ့ ထို လူကြီး က အရင်ချိန်‌ေတွထပ် ပိုပြီး ဆွဲဆောင်မှုရှိနေပြန်တယ် ။

ရောက်ပါပြီ ချမ်းသာတဲ့ လူတွေရဲ့ ညစာ စားပွဲ....။
လူချမ်းသာတွေရဲ့ ညစာ စားပွဲက ဒီလိုပုံစံလား....

အားလုံးက ကိုယ့်ဝိုင်းနဲ့ ကိုယ် ထိုင်နေကြတယ် သူတို့ Hotel ထဲ စဝင်တော့ လာကြိုတဲ့ လူတစ်ချို့...။

"ကြွပါ..."

သူတို့ခေါ်တဲ့ဝိုင်းကို ရောက်တော့ အသက်ခပ်ကြီးကြီး လူ‌တွေနဲ့ မိန်းကလေး တစ်ဦး  P'အရွယ်နဲ့ ကောင်လေး တစ်ဦး ထိုင်နေကြတယ် ။

"ရောက်လာပြီပေါ့... အော် ညီလေးပါ ခေါ်လာတာလား"

ထိုလူတစ်‌‌ေယာက်အပြောကြောင့် လူကြီးမျက်နှာတည်သွားတယ် ။

Sex or Money Where stories live. Discover now