"ပြန်တော့မှာလား ဝန်ဘင်း"
သီချင်းဆိုပြီးလို့ အိမ်ပြန်ရန်ပြင်နေတဲ့ ဝန်ဘင်းရှိရာနားနေခန်းထဲကို ဝင်လာပြီး အွန်းဆော့ကမေး၏။
"ဟုတ်ကဲ့ hyung"
"အပြင်မှာ ဆောင်ချန်းလည်းရောက်နေတယ် အတူတူပြန်ဖို့အဆင်ပြေတာပေါ့"
အွန်းဆော့hyungက ဝန်ဘင်းကိုအကဲခတ်သလိုတစ်ချက်ကြည့်ပြီး ပြောလာတာကြောင့် ဝန်ဘင်းခေါင်းခါပြလိုက်၏။
"မဟုတ်တာ..တစ်ယောက်တည်းပြန်လို့အဆင်ပြေပါတယ်"
"ဘာလို့လဲ?? "
"ဘာမှမဖြစ်ပါဘူး တစ်ယောက်တည်းbusစီးပြန်ချင်လို့.. ကျွန်တော်ပြန်လိုက်တော့မယ်နော်"
"အင်းး"
နားကြပ်တပ်ကာထွက်သွားတဲ့ ဝန်ဘင်းကိုကြည့်ပြီး အွန်းဆော့စဥ်းစားနေမိတော့သည်။ ခရီးထွက်ကြတဲ့တစ်ညအိပ်နှစ်ရက်ခရီးမှာ အသားကင်စားတဲ့ညကအကောင်းအတိုင်းရှိနေကြတဲ့နှစ်ယောက်က မနက်မိုးလင်းကတည်းက တစ်ယောက်နဲ့တစ်ယောက်ရှောင်နေကြတာကိုသတိထားမိခဲ့၏။ သာမာန် စိတ်ဆိုးနေကြတာလို့ပဲထင်လိုက်ပြီး အွန်းဆော့ရော တာရိုပါမသိသလိုနေလိုက်ကြတာ။ အခုလောက်အချိန်အကြာကြီး ရှောင်နေကြလိမ့်မယ်လို့မထင်တာလည်းပါ၏။ နှစ်ယောက်သား ရန်ဖြစ်ထားကြလို့လား ဒါမှမဟုတ် စကားများထားကြတာလား တစ်ခုခုတော့ တစ်ခုခုပါပဲ။
ဆိုင်ထဲကဝန်ဘင်းထွက်လာတော့ ကားပါကင်မှာ ရပ်နေတဲ့ဆောင်ချန်းကိုမြင်တော့ စကားမပြောဖြစ်ကြပေမယ့် နှုတ်ဆက်ရမယ့်တာဝန်ရှိနေတာကြောင့် ဝန်ဘင်းခေါင်းငုံ့နှုတ်ဆက်လိုက်သည်။
ဝန်ဘင်းနှုတ်ဆက်တာကို ကြောင်ကြည့်နေပြီးမှ တစ်ခုခုပြောရန်ပါးစပ်ဟလိုက်ပေမယ့် ဝန်ဘင်းမမြင်သလိုနဲ့ ကျောခိုင်းလိုက်ပြီး busကားဂိတ်သို့ လျှောက်သွားလိုက်တော့သည်။"ဝန်ဘင်း!"
နောက်နားကခေါ်သံကြောင့် သီချင်းသံကိုတမင်မြှင့်လိုက်ပြီး မကြားလိုက်သလို ဆက်လျှောက်လာခဲ့လိုက်တော့သည်။ လှည့်ပြီးနှုတ်ဆက်နေတော့ရော ဘာပြောစရာရှိကြတော့လို့လဲ။
YOU ARE READING
Breeze (Completed)
Fanfictionhyungပေးတဲ့ဂရုစိုက်မှုတွေ စေတနာတွေကလေ ကျွန်တော်တစ်ယောက်တည်းပဲသီးသန့်ရခဲ့တယ်လို့ထင်ခဲ့တာ၊ တကယ်တမ်းတော့hyungက လူတိုင်းကိုဂရုစိုက်ကြင်နာပြီးစေတနာထားတတ်တဲ့ လူရည်မွန်လေးတစ်ယောက်ပဲ ကျွန်တော်ကသာအထင်တွေမှားနေခဲ့တာ...💔