My happiness... Part-3 Zawgyi

8 0 0
                                    

ဒီမနက် ငါ အိပ်ရာ‌ နိုးလာတော့ ငါ့ ကောင်လေးက ငါ့ အနားမှာ ရှိမနေခဲ့ဘူး။သူက စာကြည့်စားပွဲမှာ ထိုင်နေပြီး အိမ်စာတွေ လုပ်နေခဲ့တယ်။အဲဒီ အချိန်မှာ ငါ သတိထားမိသွားတာက ငါ့
ကောင်လေးက ငါ့လို စာညံ့တဲ့ ကျောင်းသား မဟုတ်လောက်ဘူး ဆိုတာ‌ပဲ။

"ထိပ်တန်းချီ၊မင်းက စာတော်တာလား"

ငါ မေး‌လိုက်တော့ သူက ငါ့ဘက်ကို လှည့်ပြီး မျက်လုံး တစ်ဖက် မှိတ်ပြလာတယ်။

"ငါ ကြိုးစားနေတာ"

သူ့ အဖြေက ငါ့လို ဉာဏ်ရည်နိမ့်တဲ့ သူအတွက်တော့ ခေါင်းရှုပ်စရာပဲ။

"ဘာလို့လဲ"

ငါ မေးတော့ သူက ပြုံးတယ်။

"မင်း လိုချင်သမျှ ဖြည့်ဆည်းဖို့ဆို ငါက အရာရာမှာ တော်နေမှ ရမယ်"

သူ့ စကားကြောင့် ငါ ဝမ်းနည်းမိသွားတယ်။တကယ်တော့ ငါ သူ့ကို အရမ်းကြီး မမှီခိုချင်ဘူး။သူ ပင်ပန်းပြီး ငါ့ဆီက ထွက်ပြေးသွားမှာ စိုးတယ်။ငါ့ အဖေလိုမျိုးပေါ့။

"ငါ့ အတွက်ချည်း မဟုတ်ဘဲ၊မင်းအတွက်လည်း ရှင်သန်ပါဦး"

ငါ ပြောတော့ သူ့ မျက်နှာလေး ညှိုးကျသွားတယ်။အဲဒီအချိန်မှာ ငါ သိလိုက်တာက ငါ ထပ်ပြီး စကား မှားပြန်ပြီဆိုတာပဲ။ဒါပေမဲ့ သူက အရင်တစ်ခါလို အခန်းအပြင် မထွက်သွားဘူး။စာကြည့်စားပွဲကနေ ငါ ရှိတဲ့ အိပ်ရာပေါ်ကို တန်းတန်းမတ်မတ် လျှောက်လာတယ်။ပြီးတော့ လှဲအိပ်နေတဲ့ ငါ့ကို ထူလိုက်ပြီး ဆိုတယ်။

"မင်းသာ ရှင်သန်နေရင် ငါကလည်း ရှင်သန်နေမှာပဲလေ၊နောက်ကို ခွဲခြားပြီး မပြောနဲ့"

သူ့ စကားဆုံးတော့ ငါ ပြုံးမိတယ်။သူက ငယ်သေးပေမဲ့ ငါ အားကိုးလို့ ရမဲ့ လူမျိုးဆိုတာ အသေအချာပဲ။ငါ သူနဲ့ နည်းနည်းလေးမှကို ခွဲမနေချင်တော့ဘူး။

                              🌻🌻🌻
                             
ပထမနှစ်ဝက် ဖြေပြီးတဲ့ အခါမှာတော့  ခွဲမနေချင်ဘူးဆိုတဲ့ ငါလည်း ခွဲနေရတော့ပါပဲ။ဘာလို့လဲဆိုတော့ ငါ့ ‌ကောင်လေးက အတန်းထဲမှာ အဆင့်တစ်ဖြစ်ပြီး ငါကတော့ နောက်ဆုံးက ရေမှ အဆင့်တစ်ဖြစ်နေလို့လေ။ဒါ့ကြောင့် သူက တန်းခွဲ (A) မှာ သွားနေရတော့တယ်။ငါကတော့ တန်းခွဲ (C) မှာပဲ ကိုယ်ပျောက်လူသားအဖြစ်နဲ့ ကျန်နေခဲ့ရပြန်တယ်။

My happiness(Completed)Where stories live. Discover now