Unicode

170 30 0
                                    

အိမ်ထောင်ပြုတယ် ဆိုတဲ့ခေါင်းစဥ်အောက်ကို လူတွေက
အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်ကြပါတယ်။ အသိုင်းအဝိုင်းရဲ့
တိုက်တွန်းစေ့စပ်မှုကြောင့် လက်ထပ်ကြတာ ရှိသလို
ချစ်ခင်စုံမက်၍ လက်ထပ်ကြတာလည်း ရှိပါတယ်။ တခါတရံ
ငွေကြေးအခက်အခဲတွေက ရုန်းထွက်ဖို့ လှေကားတစ်ခု ပြုကြတာလည်း ရှိပါတယ်။

အဲဒီလိုခေါင်းစဥ်တွေထဲမှာမှ သူတို့နှစ်ယောက်ကတော့
မည်သူတစ်ဦးတစ်ယောက်ရဲ့ ဆော်သြခြင်းမှမပါဝင်ဘဲ
ချစ်ခြင်းမေတ္တာနဲ့ အိမ်ထောင်ကြိုးကလေးကို ချည်နှောင်ခဲ့ကြတာဖြစ်ပါတယ်။

မင်းကို ငါ့အပိုင်အဖြစ် တရားဝင်သတ်မှတ်ချင်ပါတယ်၊
ငါလည်းပဲ တစ်သက်တာ မင်းရဲ့အပိုင်ဖြစ်သွားချင်ပါတယ် ဆိုတဲ့
လက်ထပ်ခွင့်တောင်းခြင်းနဲ့ အရာအားလုံးစတင်ခဲ့တယ်။

ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲ။
အချိန်တစ်ခုအကြာမှာ ကော်ဖီပူပူဟာ အေးစက်သွားရသလိုပဲ
အစပိုင်းမှာ နွေးထွေးခဲ့တဲ့ သူတို့ရဲ့အိမ်ထောင်ဟာလည်း
အေးစက်တဲ့အဆုံးသတ်ကို တဖြည်းဖြည်းယိုင်နဲ့လာခဲ့ပါတယ်။

အနမ်းတွေနဲ့အစပျိုးတဲ့ နံနက်ခင်းတွေအစား
ဘေးတစ်ဖက်လစ်ဟာနေတဲ့ မွေ့ယာပေါ်မှာနိုးထရခြင်းကို
Seungmin ကျင့်သားရလာသလို ချစ်သူကိုပွေ့ဖက်ပြီး
အိပ်ရာဝင်ရမယ့်အစား ပင်ပန်းလာတဲ့ခန္ဓာကိုယ်နဲ့
အထီးကျန်တဲ့မွေ့ယာပေါ်မှာ အိပ်ပျော်သွားခဲ့ရတဲ့ညတွေဟာလည်း Hyunjin အတွက် အစဥ်အဆက်ဖြစ်လာခဲ့တယ်။

ကိုယ်ပိုင်အလုပ်အသီးသီးနဲ့ အလုပ်ရှုပ်နေခဲ့သည်မှာ
အရင်လို ညစာလက်စုံမစားဖြစ်တော့သလို
တစ်နေ့တာဖြစ်ပျက်ခဲ့သမျှကိုလည်း အချင်းချင်း
ပြန်မပြောပြနိုင်တော့ပါဘူး။

Date မလုပ်ဖြစ်တာလည်း ကြာပြီဖြစ်သလို
ချစ်တယ်ဆိုတဲ့စကားကို ဘယ်တုန်းက နောက်ဆုံးပြောခဲ့တာလဲ
ဆိုတာကိုလည်း မေ့နေပါပြီ။

"ဒီနေ့မှ မီးပွိုင့်ကလည်း တောက်လျှောက်မိနေတော့တာပဲ"

Hyunjin ထံမှ အလိုမကျစွာ ညည်းညူသံကြောင့်
Seungmin ခဏလှမ်းကြည့်မိပါသေးတယ်။
ထိုစိတ်မကြည်လင်နေမှုက မီးပွိုင့်မိတာကြောင့်ရော
ဟုတ်ပါရဲ့လားလို့ သံသယရှိမိပေမဲ့ ဘာမှမမေးဘဲ
တစ်ဖက်ပြန်လှည့်ရင်း ကားပြတင်းအပြင်ကိုသာ
ငေးမိပါတယ်။

Our Little SparkWhere stories live. Discover now