ABOUT THE TRUE STORY

5.9K 231 35
                                    

review လေးတစ်ခုကြောင့် အခုဆို " Z " က viewer တွေတိုးလာသလို ဖြစ်ရပ်မှန်ကိုစိတ်ဝင်စားတဲ့သူတွေလည်း wp chat box အထိ လာမေးတဲ့အထိရှိလာပါတယ်။ အဲ့ဒါကြောင့် သိခဲ့သမျှကိုပြောပြပေးပါ့မယ်။

တကယ့်အပြင်မှာတော့ LGBT အတွဲမဟုတ်ဘဲ normal လင်မယားပါရှင်။ လက်မထပ်ရသေးဘဲ living together နေတဲ့စုံတွဲလို့လည်းပြောလို့ရပါတယ်။ အမျိုးသမီးကမြန်မာ၊ အမျိုးသားက တိုင်းရင်းသား။ အမျိုးသားက မိန်းမဖြစ်သူကို နယ်စပ်ဘက်မှာ နှစ်ယောက်အတူတူအလုပ်လုပ်ဖို့ခေါ်သွားရင်း တကယ်ရောင်းစားခဲ့ပြီး သူတစ်ယောက်တည်းပြန်လာခဲ့တာပါ။

အဲ့ဒီခေတ်က လူတွေ အသိပညာမကြွယ်တာပဲလား၊ ထိထိရောက်ရောက်အရေးယူကူညီရမယ်ဆိုတဲ့အတွေးတွေ မရှိတာကြောင့်ပဲလားမပြောတတ်ဘူး။ သူ့လုပ်ရပ်ကိုသိတဲ့ပတ်ဝန်းကျင်ကလူတွေက သူ့ကို ဆူပူအပြစ်တင်တာကလွဲပြီး ဘာမှမလုပ်ခဲ့ကြပါဘူးတဲ့။ သူလည်း အဲ့ဒီပတ်ဝန်းကျင်မှာ သိပ်ကြာကြာမနေဘဲ ပြောင်းရွှေ့သွားပြီးတော့ ၅ လလောက်အကြာမှာ အမျိုးသမီးတစ်ယောက်နဲ့ တရားဝင်အိမ်ထောင်ပြုခဲ့ပါတယ်တဲ့။

သူရောင်းစားခဲ့တဲ့မိန်းကလေးကို သည်းသည်းလှုပ်ဂရုစိုက်ခဲ့တာတွေကို ပတ်ဝန်းကျင်ကလူတွေလည်းမြင်ခဲ့ကြလို့ သူ့လုပ်ရပ်ကိုဘယ်သူ့မှနားမလည်နိုင်ဖြစ်ခဲ့ကြပါတယ်။ ဒါတွေက လွန်ခဲ့တဲ့ နှစ်၂၀ ဝန်းကျင်က ရန်ကုန်မြို့မှာအမှန်တကယ်ဖြစ်သွားခဲ့တဲ့ လူသိနည်းတဲ့ဖြစ်ရပ်တစ်ခုပါပဲရှင့်။ ကျွန်မသိနေတာကလည်း အဲ့ဒီအမျိုးသားနေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်မှာပဲ ကျွန်မရဲ့ဆွေမျိုး‌တွေနေခဲ့ကြပြီး ရောင်းစားခံရတဲ့မိန်းကလေးနဲ့လည်း သူတို့‌တွေရင်းနှီးခဲ့ကြလို့ ကျွန်မကသိခွင့်ရတာပါ။ ဆိုတော့ အရေးယူခြင်းမလုပ်နိုင်ခဲ့တဲ့ပတ်ဝန်းကျင်မှာ သူတို့တွေလည်းအပါဝင်ဖြစ်ခဲ့တယ်ပေါ့နော်။

တကယ့်အဖြစ်ပျက်ကိုစိတ်ဝင်စားတဲ့သူတွေရှိလာတာကြောင့် ဒီစာကို‌တင်ပါတယ်။ နောက်တစ်ခုက ဒီ Fic က ဖတ်တဲ့သူကိုစိတ်ကင်ဆာရစေမယ်ဆိုတာ ရေးတဲ့ကျွန်မကိုယ်တိုင်လည်းသိတယ်။ ဒါကြောင့်လည်း ဒီ fic ကို promote လုပ်တာ ၊ ဈေးဗန်းခင်းတာတွေ မရှိသလောက်ကိုနည်းပါတယ်ရှင့်။ အခုနောက်ပိုင်းမှလာဖတ်ကြတဲ့ စာဖတ်သူတော်တော်များများက spoil မိပြီးမှ ရောက်လာကြတာများပါတယ်။

𝑍 [ Completed ]Where stories live. Discover now