Scene (6)

2 0 0
                                    

📩
*Knock, Knock! Anybody's home?*

Sent ပြပြီး Delivered ဖြစ်သော်လည်း Seen မတွေ့ရပါ။ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း မိနစ်နှစ်ဆယ်ခန့်အကြာ noti bar မှာ မြင်လိုက်ရသည်က

*I'm here just right now.*

အဟက်! ကျွန်တော်လည်း ချက်ချင်း Seen မပြနိုင်ဘူး။
ကြည့်နေတာကိုဆက်ကြည့်ရင်း သူငယ်ချင်းဖြစ်သူရဲ့ Cocktail Art တစ်ခုကို ငေးမိသွားတော့ ငါးမိနစ်ကျော်ကြာသွားရပြီ။

*Know me?*

*Sure*

ဒါကျတော့ Reply မြန်သားပဲ။

*I wanna get my hat back.*

*So do I. Give my clothes back.*

*Childish*

*Only for child*

ဖြစ်ရလေဗျာ။ ကလေးတွေအတွက်ပဲ ကလေးဆန်တာဆိုပါလား?

*OK. Give me the address to sent your expensive branded clothing back to you.*

*Ha ha ha. Hey, Kid! You're good at making fun.*

ဘာရယ်. ငါ့ကို ဘယ်လိုခေါ်တယ်? များသွားပြီ၊ တအားများသွားပြီ။

*တော်တော်ကြီးချင်နေတာလား?*

ကောင်းရော၊ Reply ပါပျောက်သွားပြီ။ ခဏလောက်ကြာသွားပြီးမှ

*မင်းက ကိုယ့်ထက်ငယ်တာပဲ မဟုတ်ဘူးလား? ကဲ! မင်း Club မှာ ညဘက်ရှိမယ်မဟုတ်လား? မနက်ဖြန် အဲဒီကိုပဲ အဲဒီအဝတ်ထုပ်ယူလာခဲ့။ မင်းဦးထုပ်ပြန်ရစေရမယ်။ OK? ကောင်းသောညပါ ကောင်လေး*

ဟား ..... ပြောချင်တာပြောပြီး ပျောက်သွားပြီလား? နောက်လမ်းကြုံလည်း မကူညီတော့ဘူးမှတ်ပါ။

¤

"ဟဲ့! မန်နေဂျာက ဘာလာပေးသွားတာလဲ?"

"သူ့ဆီပါသွားတဲ့ အဝတ်အစားထုပ်"

အစ်မဘာဆက်ပြောမလဲလို့ အဖက်လုပ်မနေနိုင်။ စကားရှည်လေ၊ ရန်များလေမို့ ရှောင်ထွက်လာလိုက်တာ အကောင်းဆုံး။
ပို့ထားတဲ့စာကို ဝင်ဖတ်ရမယ်။ ကိုယ့်ဆီလည်း ရောက်စရာရှိတာ ရောက်လာပြီမဟုတ်လား?

📩
*ကလိမ်ကကျစ်ကျတာ*

ဟား!!! ငါ့ကို ကလိမ်ကကျစ်လို့ပြောနေတာလား?

ကျည်တစ်​တောင့်၏ နောက်ကွယ် / ကျည်တစ်တောင့်၏ နောက်ကွယ်Where stories live. Discover now