Part -3

5.9K 167 12
                                    

(Unicode)

Co Co is mine

Part -3

ကိုကိုနဲ့ ခြယ်က စာအဆက်သွယ်ဖြင့် တော်တော်လေး ရင်းနှီးနေပီဖြစ်သည်။ ခြယ်ရဲ့ နာမည်ကို မေးပေမယ့် ခြယ် အခုချိန်ထိ မပြောပြဖြစ်သေးပါ။ ကြွယ်က နာမည်မပြောပါနဲ့လို့ တားထားတာကြောင့်ဖြစ်သည်။ ဒီနေ့ သကြားလုံးနဲ့တူတူ ကိုကိုထားခဲ့တဲ့ စာလေးကြောင့် ခြယ့်မှာ ရင်ခုန်နေရတော့သည်။

💌 ဘေဘီ ကိုကို အခုပြောမယ့်စကားကို သေချာလေး စဉ်းစားပေးနော်။ ကိုကိုနဲ့ ဘေဘီ သိတာလည်းမကြာသေးသလို ဘေဘီ့ကိုလည်း ကိုကို မမြင်ဖူးပေမယ့် ဘေဘီ့စာလေးတွေနဲ့တင် ကိုကိုရင်ခုန်နေမိတယ် ဘေဘီရယ်။ကိုကိုလေ ဘေဘီ့ကို ချစ်မိနေပီထင်တယ်။

ကိုကို့စာလေးကို ကြွယ် အိမ်သာက ပြန်မလာခင် အမြန်သိမ်းလိုက်သည်။ ကြွယ် က ကိုကို့သတင်းတွေကြားပီးနောက်ပိုင်း ကိုကိုနဲ့ စာအဆက်သွယ် လုပ်နေတာကိုတောင် သိပ်မကြိုက်ချင်တော့ပေ။

✨✨✨

ရင်ခွင် ဒီနေ့ကျောင်းလာရင်း ရင်ခုန်နေမိသည်။ သူ မနေ့က ဘေဘီ့ကို ချစ်မိနေတာကို ဝန်ခံထားတာကြောင့် ဘာပြန်ပြောမလဲ သိ‌ချင်နေမိတာကြောင့် ကျောင်းရောက်တာနှင့် အံဆွဲထဲက စာကို အရင်ထုတ်ဖတ်လိုက်သည်။

💌ကိုကိုက ဘေဘီ့ကို မမြင်ဘူးပဲ ဒီလိုစကားပြောတာ အထင်သေးလို့လားဟင်။ တကယ်လို့ ဘေဘီက တော်တော်လေးရုပ်ဆိုးနေရင်ရော။ ကိုကိုက အတွေ့အကြုံသစ်မို့ စိတ်ဝင်စားတာနေမှာပါ။ ကိုကို့အနား ကောင်မလေးတွေ အများကြီး အကြောင်းအရာ အမျိုးမျိုးနဲ့ ပတ်သက်နေကြတာလည်း ဘေဘီသိပါတယ်။ အဲ့တာကြောင့် ကိုကို့စိတ်ကို ပြန်စမ်းစစ်ဖို့ နောက်နှစ်ပတ်လုံး ဘေဘီတို့ မဆက်သွယ်ပဲ နေကြရအောင်နော်။ ကိုကို့ စိတ်ကို သိချိန်ကျ စိတ်ကစားတာ မှန်ခဲ့ရင် ဘေဘီ့ကို ချစ်တယ်ပြောမိလို့ အားမနာပါနဲ့နော်။ နှစ်ပတ်ပြည့်လို့မှ ကိုကို့စိတ်ကသေချာတယ်ဆိုရင်တော့ ဘေဘီ့ကို ပြန်ဆက်သွယ်လိုက်ပါ။

ရင်ခွင် ဘေဘီ့စာကိုဖတ်ပီး သူ့ကိုယ်သူသေချာ စဉ်းစားနေမိသည်။ ရုပ်ရည်ပိုင်းနဲ့ ပတ်သတ်လို့ကတော့ သူအရင်တည်းက စဉ်းစားမိပေမယ့် ရုပ်ဆိုးလည်း သူသာတကယ်ချစ်တယ်ဆို အကြောင်းမရှိပါ။ ဘေဘီပြောတဲ့အတိုင်း အတွေ့အကြုံ အသစ်အဆန်းမို့ စိတ်ဝင်စားတာလား ဆိုတာကိုတော့ သူမစဉ်းစားဖူးပေ။ ဘေဘီပြောတာလည်း ဖြစ်နိုင်တာမို့ ဘေဘီပြောတဲ့အတိုင်း လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်ကာ ကျောင်းဆင်းချိန်ကျ ဘေဘီ့ကို စာလေးပြန်ထားခဲ့လိုက်သည်။

Co Co Is Mine (Completed)Where stories live. Discover now