မတွေ့ဆုံခင်

13 1 0
                                    

🎼မြူးကြွတဲ့ တေးသံပျံ့လွှင့်လို့နေ...🎼

🎼ကူးပြောင်းစ တန်ခူးလေမှာ🎼

ခြောက်သွေ့လှတဲ့ အညာနွေ နံနက်ခင်းလေးမှာ "ပန်းသခင်"ယွန်းထည်ဟု အရှေ့မှာ ချိတ်ထားတဲ့ နှစ်ထပ်တိုက်ဝါ လေးထဲမှ ပျံ့လွှင့်လာတဲ့ သင်္ကြန်သီချင်းလေး......

"မစုံတို့ကတော့ အခုတည်းက သင်္ကြန်ပိုးကထနေပြီလား?"

အိမ်ကြီးရှင် ဒေါ်မာယာညိုမှ မီးဖိုခန်းထဲ ဟင်းချက်ရင်း သင်္ကြန်သီချင်းလိုက်ဆိုနေတဲ့ အိမ်အကူ ဒေါ်စုံအား စကားစလိုက်လေသည်။

"ဟီးဟီး...ကျမက သင်္ကြန်နီးရင်တော့ သင်္ကြန်သီချင်းလေးနားထောင်လိုက်ရမှ အမရဲ့..."

"အေးပါ အေးပါ...ညဉ်းပါညဉ်း ထောင်ချင်ရာထောင် ကျုပ် ဟင်းအိုးတွေ မတူးပြီးရော..."

"တူးပါဘူး အမရဲ့...ဒါနဲ့ မနက်စာ အဆင်သင့်ဖြစ်ပြီနော်။"

"အေးအေး...ညဉ်းတူတော်မောင်ကော?"

"အိပ်တုန်းပေါ့ အမရယ်..."

"အဲ့ကလေးကိုလည်း မနက်စောစောထဖို့ ဘယ်လိုပြောလို့ပြောရမလဲကို မသိတာ...အလုပ်လေးမရှိလို့ကတော့ အိပ်နေတာ ကုလားသေကုလားမော..."

ပြောရင်း ဆိုရင်း ဒေါ်မာယာညိုတယောက် သူမ၏တဦးတည်းသော သားတော်မောင် ထင်ရိပ်ညိုအား နှိုးရန်တက်လာလိုက်သည်။

ထင်ရိပ်ညိုနဲ့ဒေါ်မာယာညိုဟာ အမေတခု သားတခုဖြစ်သည်။"ပန်းသခင်" ယွန်းထည်ဆိုင်အား ဒေါ်မာယာညိုဟာ ခင်ပွန်းဖြစ်သူ ဆုံးသွားတည်းက ဦးစီးလာတာဖြစ်သည်။

ထင်ရိပ်ညိုကတော့ ကမ္ဘာလှည့်ခရီးသွားတွေအား guide လိုက်လုပ်ပေးတဲ့ tourist guide အဖြစ် အသက်မွေးဝမ်းကျောင်းပြုလေသည်။သူတို့ဟာ မြို့ထဲမှာတော့ သူဌေးစာရင်းဝင်သည်။

ဒေါက် ဒေါက် ✊✊

"ရိပ်ညို!ရိပ်ညို!!...ထစမ်း!ဘယ်ချိန်ရှိနေပြီလဲ!"

အပြင်မှ တံခါးခေါက်သံကြောင့် အထဲမှ ကွေးနေသည့် စောင်ပုံလေးဟာ လှုပ်ရှားစပြုလာလေသည်။မျက်လုံးအား ပွတ်သပ်ရင်း တံခါးသွားဖွင့်လိုက်သည်။

ပိထောက်တွေဝေရင် Where stories live. Discover now