Completely Opposites

320 51 14
                                    

နွေရာသီရဲ့ အပူဟာ ပူပြင်းလှပေမဲ့ ကမ်းခြေထက်က လူတွေကတော့ နွေအပူကို အံ့တုရင်း ပျော်ပါးနေကြလျက်။ အုပ်စုလိုက် ကခုန်သူကက၊ ဘောလုံးကစားသူက ကစား၊ နေရောင်ခံသူကခံစသဖြင့် အလုပ်များနေကြသည်။ ထိုလူများကြားထဲ ကောင်လေးတစ်ယောက်ကတော့ Santa Monica၏ ရေလှိုင်းတွေနှင့် အပြိုင် ရေလွှာလျှောစီးကို ကျွမ်းကျွမ်းကျင်ကျင်စီးလို့နေသည်။

ရေလွှာလျှောစီးဘုတ်ပြားပေါ်တွင် ဟန်ချက်ညီညီထိန်းရင်း ရေလှိုင်းတို့နှင့်တသားတည်း လှိုင်းစီးနေပုံက ပျိုမဒီတိုင်း သဘောကျချင်စရာ။ နောက်ဆုံး အဆုံးသတ်ကိုလည်း သပ်သပ်ရပ်ရပ်ပင် အဆုံးသတ်လိုက်ပြီး ကမ်းပေါ်သို့ ဘုတ်ပြားပေါ်မှ ရေကူးရင်း ပြန်တက်လာကြသည်။

ကမ်းပေါ်ရောက်တော့ ဆံသားဖြူဖြူတို့ကို အနောက်ကို ပင့်တင်လိုက်ချိန် အနားရှိ မိန်းမပျိုလေးတွေ အားလုံးဟာ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် ထိုကောင်လေးကို သမင်လည်ပြန်ပင် လှည့်ကြည့်ကြသည်။ လှိုင်းစီးထားတာမလို့ ရေစိုနေသည့် ခန္ဓာကိုယ်ဟာ နေရောင်အောက် တလက်လက်။ Sugnatureဖြစ်သည့် နားဆွဲလေးဟာလည်း တလက်လက်။ သည့်အပြင် အသားဖြူဖြူ အရပ်ရှည်ရှည် အမိုက်စား ခန္ဓာကိုယ် အချိုးအစားနှင့်။ သည်အမျိုးသားဟာ ဆုတောင်းကောင်းခဲ့လေသလား။

"Hey Rick ရှိုးပြနေတာ တော်လောက်ပြီ"

သူငယ်ချင်းတွေ၏ အော်သံကြောင့် ထိုကောင်လေးဟာ ရေလွှာလျှောစီး ဘုတ်ပြားကို သယ်လာကာ သူငယ်ချင်းတွေ ရှိရာသို့ ပြေးလာသည်။ သို့ပေမဲ့ အနားမရောက်ခင်မှာပင် Bikiniနှင့် ကောင်မလေး တစ်ယောက်က အနားရောက်လာပြီး

"Rick ဒီည တို့ရဲ့အိမ်မှာ Pool Partyရှိတာ လာမလား"

ရစ်ခီ၏ ရက်ဘက်ကို ပွတ်သက်ကာ ပြောနေသည့် ကောင်မလေးက ခြုံကြည့်ရမည်ဆိုလျှင်တော့ အတော်လေး ပြီးပြည့်စုံသည့် ကောင်မလေးပါလေ။ သို့ပေမဲ့ ရစ်ခီက ကောင်မလေးတွေနှင့် ကစားဖို့ စိတ်ကူးမရှိတာကြောင့်

"Sorry Bae ကိုယ်မအားဘူး"

ထို့နောက် ထိုနေရာမှ ထွက်လာကာ သူငယ်ချင်းတွေနား ပြေးသွားလိုက်သည်။

Completely OppositesWhere stories live. Discover now