Day 5

6 0 3
                                    

ဘာလိုလိုနဲ့ Day 5 ရောက်လာပြီပေါ့။
မင်းတော့မသိပေမယ့် ကိုယ်ငိုလို့ကောင်းတုန်း၊ ခံစားလို့ကောင်းတုန်း။
ပြောခဲ့သလိုပဲ ဝတ်ပြုရင်းတောင် ဘုရားကို အာရုံမစိုက်နိုင်ပဲ တရှုံ့ရှုံ့ငိုနေမိတုန်း၊ အရာအားလုံးကို တမ်းတတုန်း၊ memory တွေ ပြန်ခေါ်ပြီး လွမ်းကောင်းတုန်း၊ စာလေးတစ်စောင်ကို ရင်ထဲ အသည်းထဲက အရူးလိုမျှော်နေမိတုန်း။

မင်းပြောခဲ့သလို ကိုယ်က ဂေါက်သီးပါပဲ။ ဂေါက်သီး အကြီးစား။ legendary ဂေါက်သီးပေါ့။
ဒီနေ့ အချစ် tiktok မှာ စတိုရီတင်ထားတာလေး ဝင်ကြည့်မိတယ်။
ခံစားမိပေမယ့် ဪ သူလေးပျော်နေရင်ပြီးတာပါပဲဆိုပြီးတော့လေ။
သတိထားမိတာတစ်ခုလဲ ရှိခဲ့တယ်။အချစ်ရဲ့ ပြောင်းထားတဲ့ user name ပေါ့။ (ပြောင်းထားတာလို့ပြောတာထက် အနောက်က ကိုယ့်နာမည်ကို ဖြုတ်လိုက်တယ်လို့ပြောရင် ပိုမှန်မယ်။)

ကိုယ်တော့မဖြုတ်ချင်သေးပါဘူး။ ဘာကိစ္စဖြုတ်ရမှာတုန်း။ အလကား ပကာသနတွေ။
အချစ်က ကိုယ့်ဒိုင်ယာရီစာအုပ်လေး‌ထဲမှာ ခပ်ကြဲကြဲနဲ့ နေရာစုံအောင် ယူထားတုန်း။
ကုန်ကုန်ပြောရရင် ကိုယ့်နှလုံးအိမ် အထိတောင်  ရေငုပ်သမားတွေလို နက်နက်ရှိုင်းရှိုင်း ဝင်မွှေခဲ့တာ။ user name လောက်က ပကာသနပါ ကိုယ့်အတွက်။

တစ်ဖန် wattpad ကို စစ်ကြည့်မိတယ်။ မင်းနဲ့ကိုယ် couple profile လေးက မိန့်မိန့်လေးကိုယ့်ကို ပြုံးပြနေတယ်။
ပျော်ခဲ့သလို ထပ်ခါထပ်ခါ စစ်မိနေတယ်။ သူဘယ်အချိန်လေးများပြောင်းလိုက်မလဲဆိုပြီး။ (wattpad user name change ထားပေမယ့်ပေါ့။)

ကျောင်းတွေ အမြန်ဖွင့်စေချင်မိတယ်။ ဒါမှ စာတွေနဲ့လုံးပမ်းရင်း မင်းကို မေ့နိုင်လောက်မယ် ထင်ပါရဲ့ အချစ်ရေ။။။

@Feeling_By_Me

A love story that ended Where stories live. Discover now