The Star Above Us
⋆⋆⋆
"အခုထပ်ပိုပြီး သည်းမခံနိုင်တော့ဘူး ဟျောင်း..."
"ဟေ...သည်းမခံနိုင်လည်းဖြုတ်ပြစ်လို့မှမရတာဂယူဘင်းရဲ့အလုပ်သင်ကာလ သုံးလခွဲအတွင်းမှာ ဖြုတ်ခွင့်မရှိတာ မင်းအဖေကုမ္ပဏီမှာ ရှိတုန်းထဲကစည်းကမ်းလေ "
စားပွဲခုံပေါ် ဘုန်းခနဲပြစ်ချလာတဲ့ စာရွက်ဖိုင်အထပ်လိုက်ကြောင့် ဟန်ဘင်းခေါင်းငုံ့ချလိုက်မိသည်။
အလုပ်တခုတည်တည်မြဲမြဲရဖို့ဘယ်လောက်အစွမ်းတွေထုတ်သုံးပြီးလုပ်ကြသလဲလို့ တကမ္ဘာလုံးကို ပတ်ပြီးမေးခွန်းထုတ်ချင်မိရသည်။
ကျောင်းပြီးထဲက အလုပ်တခုကို တလနှုန်းပြောင်းလုပ်နေရတဲ့ သူ့အတွက် တချို့သောအလုပ်တွေမှာဆို သုံးရက်နဲ့ အဖြုတ်ခံရတာလဲ ကြုံဖူးသည်။ နေ့တပိုင်းနဲ့ အိမ်ပြန်ရတာလည်း ဖြစ်ဖူးသည်။
အရင်ကလို အေးဆေးလေးဆိုလည်းတမျိုး။ အခုက အလုပ်မလုပ်ရင်မဖြစ်တော့တဲ့အခြေအနေမှာ ဖွားဖွားအတွက်ဆေးဖိုးပြန်ပေးချင်မိသည်။ ဒါက အချစ်ခံရတဲ့ မြေးတယောက်ရဲ့ စိတ်ထားတခု။
"လေး ငါးလ မကလုပ်ထားရတဲ့ အလုပ်တွေကိုကြည့်ပါအုံး အကုန်သဲထဲရေသွန် ! အဲ့လောက်ထိကြီးကျ မဟုတ်သေးဘူးလေ ဆောင်းဟန်ဘင်းရဲ့ !"
"တောင်းပန်ပါတယ် "
CEO ဂင်မ်က လေသံမာနဲ့ ဆူတဲ့အခါ ခေါင်းငုံ့ပြီးထပ်တောင်းပန်မိသည်။ ကော်ဖီခွက်ဟာ ဘာကြောင့် နေရာရွေးပြီး အဲ့ပေါ်မှမှောက်ကျရသလဲ ! ခေါင်းငုံ့တောင်းပန်ရလို့ နှာတံပေါ်လျှောကျလာတဲ့ မျက်မှန်အဝိုင်းလေးကို ပြန်ပင့်တင်ရသည်။
"ခင်ဗျားလည်ပင်းက အလုပ်သင် ယာယီဝန်ထမ်းကဒ်ရော ? ဘာလို့ဆွဲမလာတာလဲ "
"ဟို...အဲ့တာက "
"မေးနေရင် တခါထဲဖြေ တဟိုဟိုနဲ့ ခွေးအကြီးလှည်းနင်းနေတဲ့အတိုင်းပဲ "
"ဂယူဘင်းကလည်း စိတ်ကိုလျှော့စမ်းပါ "
ယာယီဝန်ထမ်းကဒ်က အဝတ်လျှော်စက်ထဲအဝတ်တွေနဲ့ရောပြီး ထည့်လျှော်လိုက်မိလို့ ပျက်စီးသွားသည်ကို ဘယ်လိုအကြောင်းပြရမလဲဟန်ဘင်းမှာအကြံမရှိ။