အခန်း(၄)

21 0 0
                                    


    နောက်တစ်နေ့ နေ့လယ်ခင်းလောက်မှာ ချန်ကျိုးက 'ကျုံ့ ယီ'ကို ရောက်လာတယ်။ဆိုင်ရဲ့ အောက်ထပ်နဲ့ ဘေးနား ပတ်လည်ကို လာစစ်ဆေးခြင်းဖြစ်တယ်။
  ဆိုင်ဖွင့်ဖို့ ဝယ်ခါစက ပေ၂၀၀ပတ်လည် အကျယ်အဝန်းရှိပြီး နှစ်ထပ်တိုက်လေးဖြစ်တယ်။ပထမထပ်ကို ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားပြီး ဒုတိယထပ်ကို လူနေဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်။
   ချန်ကျိုးက ဆိုင်ထဲကို ဝင်လာတဲ့ အချိန်မှာ ဆိုင်ထဲမှာ လူပြည့်နေတဲ့ အချိန်ဖြစ်တယ်။  ဆိုင်ထဲက ဖြတ်သွားတဲ့အချိန်မှာ ကောင်မလေး တစ်ယောက်က milk tea သောက်ရင်းနဲ့  ချန်ကျိုးကို လက်ဝှေ့ယမ်းပြပြီး ဘော့စ်ချန်လို့ လှမ်းခေါ်တယ်။
ချန်ကျိုးက ပြုံးပြလိုက်တယ်။
  ချန်ကျိုး ပြုံးလိုက်ရင်း အရမ်း ချောတာကြောင့် customers တွေက သေချာလိုက်ကြည့်နေကြတယ်။
  ရုတ်တရက် ကမ္ဘာကြီးအလယ်မှာ ချန်ကျိုးတစ်‌ေယာက်ပဲရှိ‌ေတာ့သလို မိန်းကလေးတွေက ခံစားရတယ်။
ဘားရဲ့ နောက်မှာတော့ ယူနီဖောင်း မီးခိုးရောင်ဝတ်ထားတဲ့ ဝန်ဝိတ်တာတွေက ဧည့်သည်တွေ မှာ တဲ့ သောက်စရာမျိုးစုံပြင်ဆင်ထားတာကို သေချာ စီ‌နေကြတယ်။
  ချန်ကျိုးက သူတို့ကို ဖြတ်လာပြီး ‌  သောက်စရာတွေ ဖျော်တဲ့ အခန်းထဲကို ဝင်သွားတယ်။ သူက ဈေးဝယ်အိတ်ထဲက စတော်ဘယ်ရီ သီးတွေကို ယူလိုက်ပြီး ရေဇလုံထဲကို လောင်း ထည့်လိုက်တယ်။ ကျိုးချင်စုက ရေကျသံကို ကြားပြီး အထဲကို ဝင်လာတယ်။သူ့ရဲ့ ဘော့စ်က စတော်ဘယ်ရီသီးတွေကို သေချာ ပွတ်ဆေးနေတာကို မြင်လိုက်တယ်။
သူ့ရဲ့ မျက်ခုံးတွေက အပေါ် မြင့်တက်သွားပြီး
"milk tea အမျိုးအစားတစ်ခု ထပ်လုပ်ချင်လို့လား?"
ချန်ကျိုးက ခေါင်းမော့မလာဘဲ "ဟုတ်တယ်"လို့ဖြေလိုက်တယ်။
"စတော်ဘယ်ရီလား?"
ချန်ကျိုးက ပြန်မဖြေဘဲ ဆေးပြီးသား စတော်ဘယ်ရီတွေကို
မြောင်း‌ေတာင်းထဲကို ထည့်လိုက်ပြီး သစ်သီးဖျော်စက်ရှေ့မှာ ထားလိုက်တယ်။
   အနီရောင်တောက်တောက်နဲ့ ချိုမြိန်တဲ့အသီး‌ေတွကို ချန်ကျိုးကအသီး‌ေဖျာ်စက်ထဲ ထည့်လိုက်တယ်။ကျိုးချင်စုက သူ့နောက်က လိုက်လာပြီး ရင်းနှီးတဲ့ ပုံစံနဲ့ အကြံနဲနဲ ပေးလိုက်တယ်။
"စတော်ဘယ်ရီက နောက်ရာသီဆို မပေါ်တော့ဘူးမလား၊ အနာအဆာ ကင်းတဲ့ စတော်ဘယ်ရီမျိုးကို  ဘယ်မှာ ရလဲဆိုတာ ဘော့စ် သိထားလို့လား?"
      "ရုတ်တရက် အတွေးထဲ ပေါ်လာလို့ပါ" လို့ ချန်ကျိုးက ပြန်ပြောတယ်။ပြီးတော့ စက်ကို လှည့်လိုက်တယ်။
စက္ကန့်နဲနဲကြာလာတဲ့ခါမှာ ကျိုးချင်စုက "မင်းရဲ့ နတ်သမီးအကြောင်းကို တွေးနေပြန်ပြီလား"လို့ လှောင်လိုက်တယ်။
"မဟုတ်ဘူး"လို့ပြောပြီး ချန်ကျိုးကရေခဲသေတ္တာဆီကို သွားပြီး ချိစ့်တွေကိုယူလိုက်တယ်။ချိစ့်တွေကရေထဲမှာ အရည်ပျော်နေခဲ့တယ်။
ကျိုးချင်စု ဖုန်းက  ဖုန်းသံမြည်လာတယ်။
    သူက ဖုန်းထုတ်ပြီးကြည့်လိုက်တယ်၊
"အိုး.....ငါတို့ရဲ့ နတ်သမီးလေးဆီက အော်ဒါအမှာ နောက်တစ်ခါရောက်ပြီပဲ"
    ချန်ကျိုးက ခေါင်းလှည့်လာပြီး"ရှောင်ယူရီက ဘယ်မှာလဲ?"
ကျိုးချင်စု: "‌အော်ဒါအမှာ ပို့ချိန်ရောက်ပြီဆိုတော့ သွားတော့မယ်နော်၊ကျွန်တော် ပြန်လာခဲ့မယ်"
  ချန်ကျိုးက ခေါင်းညိမ့်လိုက်ပြီး"မင်း တခြား အော်ဒါအမှာကို သွားပို့လိုက်၊နတ်သမီး‌ေလးရဲ့ အော်ဒါကိုငါအပြင်သွားရင်းလမ်းကြုံလို့သွားပို့ပေးမယ်"
ကျိုးချင်စုက သူ ရှင်းရှင်းလင်းလင်း မကြားရဘူးလို့ ထင်တဲ့အတွက်"နတ်သမီးလေးရဲ့ အော်ဒါအမှာလား?"
"ဟုတ်တယ်"
"အမှန်တကယ်တော့၊ နတ်သမီးက ငါတို့ရဲ့ ရည်းစားဟောင်း
‌ေပျာက်ပြီးပြန်လာသလို့ပဲ သူမ နေကောင်းနေမှ ဖြစ်မယ်"လို့ပြောပြီး ကျိုးချင်စုက သက်ပြင်းချလိုက်တယ်။
ဘယ်လို ထူးဆန်းတဲ့ ဥပမာလဲ၊ချန်ကျိုးက သူရဲ့ မျက်လုံး‌တွေကို ချုံ့လိုက်ပြီး မပျစ်မကျဲ ဖျော်ထားတဲ့ စတော်ဘယ်ရီ‌ ဖျော်ရည်ကိုစက္ကူခွက်ထဲ ထည့်လိုက်ပြီး"မင်းရဲ့‌ေအာ်ဒါအမှာကိုယူပြီး သွားတော့"လို့ပြောလိုက်တယ်။
ကျိုးချင်စုက သူပို့ရမယ့် အော်ဒါအမှာကိုယူပြီး ခန်းဆီးကိုမပြီး ဘားအပြင်ဘက်ကို ထွက်သွားတော့တယ်။
             _________&&&__________
     စန်းပိုင် နိုးလာတဲ့အချိန်မှာ စာမူကို ပြန်ပြင်ဖို့ စတင်လိုက်ပြီး အပိုင်း(၁၂)ကို အပြီးသတ်လိုက်ပြီးတော့ ဖုန်းကိုယူပြီး ရေချိုးခန်းထဲ ဝင်လိုက်တယ်။ ရေချိုးခန်းထဲမှာ သွားတိုက်ဆေးဘူးအသစ်ကို ခွက်ထဲကို သေချာထည့်လိုက်တယ်။
   ဘေစင်ပေါ်မှာရှိတဲ့   Moisturizer ဘူးထဲက နေ ပမာဏအသင့်အတင့်ကို လက်‌ဖဝါး‌ ပေါ်တင်ပြီး  မျက်နှာကို လိမ်းပြီးနောက် စိမ့်ဝင်အောင် ဖြည်းဖြည်းချင်းပုတ်လိမ်းနေတဲ့အချိန်မှာ၊တယောက်ယောက်က တံခါးကို လာခေါက်သံကိုကြားတယ်။
  စန်းပိုင်က ဝင်ပေါက်ကို လျှောက်လာပြီး အိမ်အပြင်ကို အပေါက်သေးသေး‌ကနေလှမ်းကြည့်လိုက်တယ်။မြင်ကွင်းထဲ
‌ေပါ်လာတဲ့အရာ‌‌ေကြာင့် ကြောက်လန့်ပြီးခေါင်းကို နောက်ပြန်ဆုတ်လိုက်တယ်။
   အား........ဘာလို့  ဆံပင်ကို တဝက်ထုံးထားတဲ့ လူပဲလဲ......!
  ဘာလို့သူက ဒီကို ထပ်လာတာလဲ?
စန်းပိုင်က တံခါးကို မဖွင့်ရဲ တာကြောင့် သူမရဲ့ လက်ချောင်းတွေကို ကိုက်ရင်း စဉ်းစားနေတယ်။
   နောက်တစ်ခါ ထပ်ပြီးကြည့်လိုက်တယ်။တံခါးအပြင်ဘက်က လူပုံစံကြည့်ရတာ အရပ်ရှည်ရှည်နဲ့ တည်တည်ငြိမ်ငြိမ်ရပ်‌ နေပြီး လက်တစ်ဖက်ကလည်း တစ်ခုခုကိုင်ထားပုံပေါ်တယ်။
စောင့်ပြီး ခနကြာတော့ မနေ့ကလိုပဲ အိတ်ကပ်ထဲ က ဖုန်းကို ထုတ်လိုက်တယ်။ရုတ်တရက် စန်းပိုင် ညဝတ်အကင်္ျီ အိတ်ကပ်ထဲက ဖုန်းသံထွက်လာတယ်။ စန်းပိုင်က ဖုန်းကို မကြည့်ဘဲ သူခိုးတစ်ယောက်လို ဖုန်းကို ဆတ်ခနဲ ချလိုက်တယ်။
    ဖုန်းမြည်သံက ခနပဲဆိုပေမဲ့ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။သိတဲ့အတိုင်းပဲ မိန်းကလေးက သူ့ဆီက ရှောင်ချင်နေတာပဲ။ချန်ကျိုးရဲ့ နှုတ်ခမ်းတွေက ကွေးညွှတ်သွားပြီး သူလာရတဲ့ အကြောင်းကို ပြောလိုက်တယ်   "ကျွန်တော် milk tea လာပို့တာပါ"။
     လွန်ခဲ့တဲ့ညက သူမကိုထိတ်လန့်စေတဲ့ အကြောင်းကို ပြန်စဉ်းစားလိုက်တယ်။ခုကျ တမင် သူ့ရဲ့အသံကို တမင် နှိမ့်ချထားပုံရတယ်၊အဲ့ဒီညက သူ့ရဲ့ပုံစံက အရမ်းဆိုးဝါးတဲ့ ဝံပုလွေ တစ်ကောင်နဲ့တူတယ်။ခုတံခါးအပြင်မှာ ရပ်နေတဲ့ပုံက နာခံမှုရှိတဲ့ ယုန်ဖြူလေးကျနေတာပဲ။
     ဒါဆို... Banwanzitouက မှာယူနိုင်တဲ့ အသစ်တခုများလား။
     စန်းပိုင်က တံခါးလော့ကို လှည့်လိုက်ပြီး အပေါက်သေးသေးလေး ဟလိုက်တယ်။
      ချန်ကျိုးကလည်းသူမ ဖွင့်လိုက်တဲ့ တံခါးကြားထဲကနေ ပဲ သူမကို မြင်နိုင်တယ်။
   သူမရဲ့သေးငယ်တဲ့ လက်မောင်းလေးတွေက ကြီးမားအင်္ကျီလက်အောက်မှာ ရောက်နေပေမဲ့ ဘယ်လောက်တောင်ကြောက်နေသလဲဆိုတာ တခြားလူက သတိထားမိနိုင်တယ်။
       သူ့ရှေ့မှာ ရှိနေတဲ့လက်ကလေးက သွေးရောင်မရှိသလို ဖြူဖျော့နေပုံ နှစ်တွေအများကြီး အလင်းရောင်နဲ့ မထိတွေ့ထားသလို ဖြစ်နေတယ်။
     သူမရဲ့ လက်ကိုကြည့်နေတဲ့အတွက် ရှက်သွားတယ်။အက်ကွဲလွယ်တဲ့ ခရုခွံ့လေးနဲ့တူနေတော့ ချန်ကျိုးက အကြာကြီး ကြည့်နေမိတယ်။
      ချန်ကျိုးက ထူးခြားပြီး လှပတဲ့ အိတ်ကလေးကို သူမရဲ့ လက်သေးသေးလေးထဲကို ထည့်ပေးလိုက်တယ်။
    ရုတ်တရက် သူမရဲ့ လက်ထဲကို ထည့်လိုက်တာကြောင့်
  အိတ်ကို ပြုတ်မကျအောင် မနဲထိန်းလိုက်ရတဲ့အတွက် တံခါးလက်ကိုင်ကို ကိုင်ထားတဲ့ လက်ကို ဖြုတ်လိုက်ရတယ်။
  ချန်ကျိုးက သူမရဲ့ ပျာပျာ သလဲ လုပ်ပုံကို ကြည့်ပြီး ပြုံးလိုက်တယ်။
     အိတ်က အရွယ်အစားကြီးတဲ့ အတွက် တံခါးကိုကျယ်ကျယ်ဖွင့်ဖို့ လိုအပ်တယ်။ တံခါးပွင့်သွားတာကို အခွင့်အရေးယူပြီး ချန်ကျိုးက သူမတစ်ကိုယ်လုံးကို သေချာစူးစမ်းကြည့်လိုက်တယ်။‌သေးငယ်တဲ့ နှာခေါင်းရယ်၊မေးချွန်ချွန်လေးရယ် ရှိပြီး ဂုတ်ထိပဲရှိတဲ့မဲနက်နေတဲ့ ဆံပင်တိုတိုကောက်ကောက်လေးနဲ့ ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်။
  အဲ့ဒီ့အချိန်မှာ သူမကလည်း တောနက်ကြီးထဲက ကြောက်နေတဲ့ သမင်တစ်ကောင်လို ပြန်ကြည့်နေတယ်။
      သူမလို မိန်းကလေးမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ?
  ဒီစတိုးဆိုင်က အိမ်ထောင်စုအများအပြားကို ပစ္စည်းပို့တဲ့ဝန်ထမ်း‌‌ တွေကသူမ ကိုသဘောကျမိတာအံ့ဩစရာမရှိ‌ ‌‌ တော့ပါဘူး။
စန်းပိုင်ကလည်း တံခါးဝမှာ ရပ်နေရင်း......
  ‌ဒီနေ့ပို့တဲ့ milk tea ပါဆယ်က အရင်နေ့ကထက် လေးနေတယ်လို့ ခံစားရတယ်။
    သူမက အိတ်ထဲကို ကြည့်လိုက်တော့ သူမမှာတဲ့ milk tea ရဲ့ဘေးမှာ ပန်းရောင်ခွက်လေးတစ်ခွက် အပိုပါလာတာပဲ၊ပါဆယ်မှားပို့တာလား?
    "မင်း ပန်းရောင်ခွက်လေးကိုမြင်လား?"တံခါးပေါက်ဝရဲ့ အနီးက လူစိမ်းရဲ့ မှော်ဆန်တဲ့ အသံကိုကြားလိုက်ရတဲ့အချိန်မှာ သူမ ခေါင်းရှုပ်သွားတယ်။
  စန်းပိုင်က ပြန်ပြောလိုက်တယ်," ဘာကိုပြောချင်တာလဲ?"
   သူမက လေသံနဲ့ ပြောလိုက်တာဆိုတော့ ချန်ကျိုးက မကြားလိုက်ဘူး၊ချန်ကျိုးက သူ့ဘာသာ ဆက်ပြောလိုက်တယ်၊
"ကျွန်တော်တို့ရဲ့ ထုတ်ကုန်အသစ်
စတော်ဘယ်ရီအရသာmilk teaပါ၊ခုထိတော့ ဈေးဆိုင်တွေမှာ မဖြန့်ဝေရသေးပါဘူး၊မင်းကို  ‌အရသာမြည်းစမ်းခိုင်းကြည့်ချင်လို့ လက်ဆောင်အနေနဲ့ ထည့်ပေးတာပါ။
"........"စန်းပိုင်က ခေတ္တ ကြောင်သွားတယ်။
မင်းက ဘာကြောင့် သူမကို ရုတ်တရက် milk tea အပိုတစ်ခွက် လက်ဆောင်ပေးတာလဲ?
ငါအခုဘာလုပ်သင့်လဲ?
မင်းသူ့ကို ကျေးဇူးတင်ချင်လား?
ငါ သူ့ကို ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမလဲ?
ငါ သူ့ကို တံခါးအကွယ်ကနေ ကျေးဇူးတင်ကြောင်းပြောရင် အရမ်းရိုင်းသလို ဖြစ်သွားမလား?ငါ က ကျေးဇူးတင်ကြောင်းပြောတာ သူ မကြားခဲ့ရင်ရော....
ဒါပေမဲ့ သူမ ပြောဖို့ သတ္တိမရှိဘူးဆိုရင်လည်း သူမကြောက်နေတာ သိသာသွားလိမ့်မယ်။
  တံခါးရဲ့ နောက်ထဲကနေ အချိန်အတော်ကြာတဲ့ထိ ဘာလှုပ်ရှားသံမှ မကြားရဘူး၊ချန်ကျိုးက သူမရဲ့ အပြုအမူကို နေသားကျနေပြီမလို့ သူက အလိုက်တသိဘဲ good bye လို့ ပြောဖို့ ပြင်လိုက်တယ်:"ကျွန်တော် သွားလိုက်ပါဦးမယ်ခင်မျ"
အဲ့ဒီအချိန်မှာ ,နတ်သမီးလေးရဲ့ လက်သေးသေးလေးက ဟနေတဲ့ တံခါးကနေထွက်လာပြီး:"ခန,ခန စောင့်ပါဦး"
ညင်သာပြီး ‌တိုးညှင်းတဲ့ အသံလေး ထွက်တလာတယ်၊ဒါပေမဲ့ ချန်ကျိုးက အဲ့ဒီ့အသံကို ကြားလိုက်ရတယ်၊သွားနေတာကို ရပ်လိုက်ပြီး စိတ်ရှည်ရှည်နဲ့ ‌စောင့်လိုက်တယ်။
maker penနဲ့ စာရွက်အဖြူလေးပေါ်မှာ စာလုံးလေးတွေကို ရေးထားတယ်:"ကျေးဇူးတင်ပါတယ်"
စာရွက်ရဲ့နောက် ဆံပင်တိုနဲ့ ကောင်မလေးရဲ့မျက်နှာက အရိုက်ခံရတော့မယ့် ကလေးတစ်ယောက်လိုပဲ၊
(သူမရဲ့မျက်နှာအမူအရာက 😫)
ချန်ကျိုး:"ကျေးဇူးတင်စရာ မလိုပါဘူးခင်မျ"
အဲ့လိုပြောပြီးတော့၊လူစိမ်းက သူ့ရဲ့အိတ်ထဲက ဘောပင်‌ထုတ်ပြီး သူမရဲ့စာရွက်ပေါ်မှာ စာလုံးတချို့ရေးပြီး တံခါးကြားထဲကို ခေါက်ပြီးပြန်ပေးလိုက်တယ်။
  စန်းပိုင်က စာရွက်ကို လက်နှစ်ဖက်နဲ့ သေချာယူပြီး၊ဖီးနစ်ငှက်လို စူးရှတဲ့ မျက်လုံးတွေနဲ့ ဂရုတစိုက်ကြည့်လိုက်တယ်။
"ကျွန်တော် မနက်ဖြန် milk tea ပို့ဖို့ ထပ်လာခဲ့ပါမယ်၊ကျွန်တော် အခု စမ်းသောက်ခိုင်းတဲ့စတော်ဘယ်ရီအရသာmilk teaက ဘယ်လို လိုအပ်ချက်တွေရှိလဲဆိုတာ ကျွန်တော့်ကိုပြောပြနိုင်မလား?စာရွက်ပေါ်မှာ ရေးပေးပါ။"
စာရွက်ပေါ်မှာ ဘောပင်နဲ့ရေးတဲ့အသံနဲ့အတူ,စာရွက်ကို
အပြင်ကို နောက်တစ်ခါပေးလိုက်တယ်။
"စတော်ဘယ်ရီmilk tea က ကောင်းပါတယ်"
........
........
_______
ချန်ကျိုးက လှေကားကနေ ဆင်းလာရင်း သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်တယ်။သူ့ရဲ့ စိတ်က စတော်ဘယ်ရီmilk tea ဆက်လုပ်ဖို့ကို မဝံ့မရဲ ဖြစ်နေပြီးစဉ်းစားရင်းနဲ့ အသက်ရှုဖို့တောင်ခက်ခဲနေတယ်။
ချန်ကျိုးက ကားသော့ကိုလှည့်ရင်း ကားပါကင်ကို လမ်းလျှောက်သွားလိုက်တယ်၊သူက ကျိုးချင်စုကို တကယ်လိမ်ခဲ့တာပဲ။
သူက ဒီနေ့ milk tea ပို့ဖို့လာခဲ့တယ်၊ပုံမှန်တော့ မဟုတ်ခဲ့ဘူး။တခြားအကြောင်းပြချက်တော့ မရှိခဲ့ပါဘူး။
    ကောင်မလေးက အရမ်းဖြူစင်တယ်၊လွန်ခဲ့တဲ့ညက စူပါမားကတ်မှာတွေ့ခဲ့တာက သူ့ရဲ့ဉာဏ်ဆင်မှု တစ်ခုပါပဲ။
သူက သူမကို စတော်ဘယ်ရီmilk tea ကို ပထမဆုံး မြည်းစမ်းစေချင်တဲ့ ဆန္ဒရှိတာက ယဉ်ကျေးမှု မရှိသလိုဖြစ်သွားလား။


You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

မူလအရသာထက် ၃၀%ချိုမြိန်တယ်Where stories live. Discover now