Start of all(အရာအားလုံးရဲ့အစ)

170 14 1
                                    

Unicode

ကောင်းကင်တစ်ခုလုံး လမိုက်ညလို့ ထင်ရလောက်အောင် တိမ်တွေက ထူထူထပ်ထပ် ဖုံးလွှမ်းနေတော့ လစန္ဒာခင်မျာ လပြည့်ညကြီး ဖြစ်ပါလျက် သူ့ရဲ့ တာဝန်တွေကို မစွမ်းဆောင်နိုင်ရှာဘူး

ကြယ်မှုန်မှုန်လေးတွေရဲ့ အရိပ်အောက်မှာ အသက်၂၀ ကျော် အရွယ် လူရွယ် နှစ်ဦးဟာ မျက်နှာချင်းဆိုင်လျက် ရှိနေကြတယ်

လူရွယ်တစ်ဦးကတော့ ရွှေအိုရောင် နဂါးရုပ်ပုံပါတဲ့ အနီရင့်ရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားတယ်ထိုသူရဲ့ မျက်နှာက မျိုးရိုးမြင့်တဲ့သခင်လေးပုံစံဖြစ်ပြီး မိန်းမပျိုတိုင်း နှစ်သက်မက်မောလောက်တဲ့ အရည်အချင်းနဲ့ပြည့်စုံလေတယ်
သူ့ရဲ့ လက်မှာ ကိုင်ဆောင်ထားတဲ့ ဓားရှည်ကလည်း သူ့ရဲ့သခင်လိုပဲ လေထဲမှာ ဝံ့ဝံ့ကြွားကြွား ရှိနေပြန်တယ်

သူနဲ့မျက်နှာချင်းဆိုင်က လူရွယ်ကတော့ သူ့ထက် အရပ်နိမ့်ပြီးတော့ အဖြူရောင် ပိုးဝတ်ရုံလေးကို ဆင်မြန်းထားပါတယ်
ကျောက်စိမ်းဆံထိုးတစ်ခုကို ပန်ဆင်ထားပြီး လက်ထဲမှာတော့ ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိဘူး

သူ့ရဲ့ရုပ်ရည်က စောနက အမျိုးသားနဲ့မတူဘဲ ဖြူဖွေးစွတ်နေပြီး လရောင်မှိန်မှိန်အောက်မှာတောင် ကြည်လင်နေလွန်းတယ်
သူကတော့ အမျိိုးသမီးပျိုတွေသာမက တချို့သော အမျိုးသားပျိုတွေပါ စွဲမက်ချင်စရာကောင်းလှလွန်းတဲ့ အသွင်မျိုး ဖြစ်တယ်

ပထမ လူရွယ်က ရုတ်တရက် ဒုတိယတစ်ယောက်ကို သူ့ရဲ့ဓားနဲ့ ဝမ်းဗိုက်ပိုင်းကို ရှပ်ထိရုံလောက် ထိုးလိုက်တယ်

ဒုတိယကောင်လေးခင်မျာ သွေးတွေစီးကျနေတဲ့ သူ့ဝမ်းဗိုက်ကို ဖိထားရင်း ပထမကောင်လေးကို ကြည့်ပြီး စကားဆိုလာတယ်
"အရှင်က ကျွန်တော့်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး ဂရုလည်းမစိုက်ခဲ့ဖူးဘူး မေ့နေတာ အရှင်က ကျွန်တော့်ကို ချစ်မှ မချစ်ခဲ့တာ ဟက်''

"ကျွန်တော် ခင်ဗျားကို မုန်းချင်လိုက်တာ ရှောင်းကိုကိုရယ်''

သူပြောပုံအရ ပထမကောင်လေးက တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်ပေါ့ အ့ဆို သူကကော ဘုရင်ဖြစ်တဲ့ ပထမတစ်ယောက်နဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိလို့ ဘုရင်က သူ့ကို မချစ်ခဲ့ဖူးဘူးလို့ ပြောတာပါလိမ့်....
ကဲပါ အသင်တို့နားလည်အောင် ဇာတ်လမ်းအစကို ပြန်သွားကြတာပေါ့

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

The Star And His Sun(uni+zaw)Where stories live. Discover now