August 1
ဆွယ်တာတွေထက် နောက်ကနေ သိုင်းဖက်ရတာပိုနွေးကြောင်း တဖွဖွပြောခဲ့ဖူးတယ်။
__________________________________
ဒီနေ့ကပိတ်ရက်မို့လို့ စပိန်ရဲ့လမ်းမတစ်နေရာထက်မှ လူတွေက အဆက်မပြတ် ကိုယ်စီ" သွားလာလှုပ်ရှားနေကြတဲ့ထဲ သူလည်း ခပ်သွက်သွက်
လမ်းလျှောက်နေမိသည်။ ကားမယူလာတော့ပဲ အေးဆေးလေး လမ်းလျှောက်ချင်တာမို့ အမြဲလွယ်နေကြ ဘေးလွယ်အိတ်အဖြူထဲ ပစ္စည်းအစုံထည့်ထားတာမို့ အပို ကိုင်စရာတော့ထပ်မရှိ။ဒီနေ့ရာသီဥတုလေးက အရမ်းလည်းမပူ မိုးအုံ့အုံ့လေးနဲ့ သွားရလာရအဆင်ပြေနေလို့တော်သေးသည်။ မိုးရွာရင်တော့ သွားပြီ ကားလည်းမပါ ထီးလည်းမယူလာမိ မေ့တတ်တာက အကျင့်တခုလိုဖြစ်နေတာမို့ မကောင်းမှန်းသိပေမယ့် ပြင်လို့လည်းမရ။
"Green tea တခွက်လောက်ပေးပါ"
အမြဲသောက်နေကျ ကော်ဖီဆိုင်ပဲမို့ အထွေအထူးပြောစရာတော့လိုမနေ waiter တွေကအစ သူ့ကိုရင်းနှီးနေပြီမို့ ထောင့်ကျကျနဲ့ လူသိပ်မရှိရင် ထိုင်ဖြစ်နေတဲ့နေရာမှာပဲ Macbook တင်ပြီး greentea လေးသောက်ရင်း ဒီဇိုင်းဆွဲလိုက် အပြင်ဘက်ကြည့်လိုက်နဲ့ ဘယ်လောက်တောင်ကြာသွားလဲမသိ ဒီဇိုင်းက အခြေခံပိုင်းလောက်တော့ ပြီးသွားပြီပင် အကြာကြီးလည်း ဆက်ထိုင်ချင်စိတ်မရှိတော့တာမို့ ကျသင့်ငွေရှင်းပြီး အိတ်လွယ်ကာ ဆိုင်အပြင်သို့အထွက်...
ပခုံးထောင့်စွန်းတခုကိုဖြတ်တိုက်မိသွားသည်..
သူအလျင်လိုနေသည်လည်းမဟုတ်ပဲ ဒီတိုင်းထွက်အလာ ဆိုင်ထဲသို့ဝင်လာသည့်ထိုလူကလည်းအလျင်နဲ့ဆိုတော့ မတော်တဆ... အင်းး ဟုတ်မှာပါ မတော်တဆ...။" သတိထားမှပေါ့" ခပ်အေးအေးလေသံဆိုပေမယ့် ဆွဲဆောင်မှုရှိတဲ့အသံ
ရင်ထဲထိတ်ခနဲ... ထိုသူတော့ မဟုတ်လောက်ဘူးမလား သူဘယ်တော့မှထပ်မဆုံချင်တော့တဲ့လူ။
လှည့်ကြည့်လာတဲ့မျက်ဝန်းညိုတွေ မျက်ခုံးတန်းနက်နက်တွေကြားမှာ သူ့ရဲ့လက်တလောဆုတောင်းတွေကမပြည့်ခဲ့ဘူး...
ထိုလူမှ ထိုလူပါပဲလား...
ထပ်ပြီး ဘာမှတွေးမနေတော့ပါပဲ အတွေးတွေကိုဖြတ်ချပစ် မဟုတ်ဘူး မသိချင်ယောင်ဆောင်ပစ်ပြီး ခေါင်းငုံ့ထွက်လာလိုက််မိသည် သူကြောက်နေတာလည်းမဟုတ် မရေရာတဲ့ခံစားချက်ကြီး ရင်တုန်နေတာ လက်ဖျားခြေဖျားတွေအေးစက်နေတာ။