Part V

189 2 0
                                    

Rainbow of the dark
Episode 5

နောက်တစ်နေ့မနက်ရောက်တဲ့အထိ အနည်းငယ်ကြိမ်းစပ်နေတဲ့ ခြေဖနောင့်တွေနဲ့ လမ်းလျှောက်တိုင်း ဟော်တယ်ခန်းထဲက အဖြစ်ကို သတိရမိပြီး စိတ်လှုပ်ရှား ရင်ခုန်လာစေသည်။ ထုံးစံအတိုင်း choker လေးကိုဝတ်ပြီး ရုံးသွားသည်။ ရုံးပြန်သည်။ ညနေခင်းရောက်ဖို့ကို မျှော်လင့်စိတ်လှုပ်ရှားနေသည်။

ညနေရောက်တော့ နှင်းဝတ်မှုန် တစ်ယောက် ရဲမာန်ထူးကလုပ်ဖို့မှာထားတာ‌တွေကို တစ်ခုချင်းပြန်စဉ်းစားပြီး ဘာပြီးရင်ဘာလုပ်မယ်ဆိုတာကို အစီ အစဉ်ချနေသည်။ ညစာစားချိန်ကျတော့ မစာသေးလို့မစားဘူးဟု ပြောလိုက်သည်။

ပြီးတော့ အိမ်သားတွေအားလုံး အိပ်ယာဝင်သွားသည့်အချိန်ထိစောင့်လိုက်သည်။ ၁၀ နာရီထိုးလို့ မိသားစုအားလုံးပးအိပ်ယာဝင်သွားမှ ထမင်းအနည်းငယ်နဲ့ ဟင်းတွေကိုရောနယ်ကာ ပန်းကန်ပြားနဲ့ ထည့်ပြီ သူမအိပ်ခန်းသို့ယူလာခဲ့သည်။

အိပ်ခန်းထဲရောက်တော့ အတွင်းကနေ လော့ချလိုက်သည်။ ပြီးတာနဲ့ အဝတ်အစားတွေချွတ်လိုက်သည်။ ထမင်းပန်းကန်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ ပြီးတော့ သူမအသစ်ဝယ်ထားတဲ့ Tripod ကိုထုတ်ကာ သူမရဲ့ဖုန်းကိုတပ်ဆင်လိုက်ပြီး ပန်းကန်ပြားချထားသော နေရာသို့ချိန်၍ Video Camera ကိုဖွင့်ထားလိုက်သည်။

ရဲမာန်ထူးပေးလိုက်သည့် လည်ပတ်လေးကို လည်ပင်းမှာပတ်လိုက်သည်။ လည်ပင်းမှာ ပတ်ရတာခြင်းအတူတူ၊ တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှုအဖြစ်ပြသသော အမှတ်အသားချင်းအတူတူ လည်ပတ်က Choker ထက် သူမစိတ်ကို ဖိအားပိုပေးသည်။ နှင်းဝတ်မှုန်က ထမင်း ပန်းကန်ပြားဘေးမှာ လေးဘက်ထောက်လိုက်သည်။

မဝံ့မရဲပုံစံဖြင့် ပန်းကန်ပြားထဲက ထမင်းကိုလှမ်းစားသည်။ ဖုန်းကလေးက သူမရဲ့ လှုပ်ရှားမှုမှန်သမျှကိုမှတ်တမ်းတင်နေသည်။ ခွေးတစ်ကောင်လို လေးဘက်ထောက်ပြီး ထမင်းစားရတာက သူမကို စိတ်လှုပ်ရှားစေသည်။ ဝမ်းနည်းစေသည်။ စားနေရင်းနှင့်ပင်မျက်ရည်များဝဲတက်လာသည်။ ဘာလို့ ဒါတွေကို ငါလုပ်နေတာလဲဟူသော မေးခွန်းမျိုးပြန်မေးသိသည်။ သူမကို ဘယ်သူမှကြည့်နေတာမျိုးမရှိပေမယ့် လူပေါင်းများစွာက လှောင်ရယ်ခြင်းကို ခံနေရသလို ခံစားရသည်။

Rainbow of the dark (ရောင်းရန်မဟုတ်ပါ)Dove le storie prendono vita. Scoprilo ora