Part {10}

119 4 0
                                    

နောက်တစ်နေ့တွင် မှူးပြည့်လည်း သင်္ကြန်လည်ဖို့
ပြင်ဆင်လိုက်သည်။

sunglassesကတော့မပါမဖြစ်ပင်
မှူးပြည့်၏မျက်မှန်ကphotograyပါပေမယ့်
ရေဆော့မည်ဖြစ်၍ တပ်နေကြမျက်မှန်ကိုချွတ်ခဲ့သည်။

မျက်နှာကိုတော့ နို့ရည်နှင့် sunscreenကိုသာလိမ်းလိုက်သည်။
ပခုံးကျော်ကျော်ဆံပင်လေးကိုတော့
အ​ပေါ်တဝက်ခွဲစည်းလိုက်သည်။
ပေါ့ပေါ့ပါးပါး Hawaii shirtလက်ရှည်နှင့်
ဂျင်းဘောင်းဘီရှည်ကိုဝတ်ဆင်လိုက်သည်။

အားလုံးပြင်ဆင်ပြီးတော့ မနက်စာစားပြီး
ဖုန်းထုတ်ကြည့်ရင်း ဆရာ့ကိုစောင့်နေလိုက်သည်။

___________________>>>___________________

ခဏအကြာမှာပဲ ဆရာ့ကားက ခြံထဲဝင်လာသည်။
ကားနောက်ခန်းမှာတော့ ဆရာ့ဖေဖေနဲ့ဆရာ့မေမေ..

''ရှေ့ကတက် သမီး''

''ဟုတ်ကဲ့ ဖွား''

မှူးပြည့်လည်း ကားရှေ့ခန်းမှာဝင်ထိုင်လိုက်သည်။

''ဦးငယ်ရော...''

''သူက တခြားဆရာ၊ဆရာမတွေနဲ့ သမီးရဲ့၊သူကလည်းအရင်က ဝင်သင်ပေးဖူးတော့ လုပ်ဖော်ကိုင်ဖက်တွေလေ''

''အော်ဟုတ်ကဲ့''

မှူးပြည့်နဲ့ ဖွားကသာ တစ်လမ်းလုံး
စကားတပြောပြောဖြင့် နေကြသော်လည်း..
ဖိုးကတော့ အေးအေးဆေးဆေးပင် နားထောင်၍
ပြုံးစရာရှိပြုံးသည်။ရီစရာရှိလျှင်ရီသည်။

ဘေးက ဆရာကတော့ တေမိမင်းသား ဝင်ပူးနေသလားအောက်မေ့ရအောင် တစ်လမ်းလုံးတိတ်ဆိတ်ပြီး ကားကိုသာ မှန်မှန်မောင်းလာသည်။

''ဆရာ၊ဆရာမတွေနဲ့ ဘော်ဒါက ကလေးတွေက
ခုတည်းကလည်ကြမှာလေ ဖွားနဲ့ဖိုးကတော့ ခုဘုရားသွားပြီးပြန်တော့မှာ''

''မလည်တော့ဘူးလားဟင်.. ''

''မလည်တော့ပါဘူးကွယ်... မင်းတို့ကလေးတွေသာလည်ကြပါ..''

''မင်း သားကဖြင့် အသက်ကြီးနေပြီ၊လူငယ်တွေလို့ထည့်ပြော..''

ဖိုးက ဝင်ပြောတော့ ရီသံတွေဆူသွားသည်။

''သား ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား''

ဆရာ့မေမေကမေးတော့..

My beloved TeacherWhere stories live. Discover now