Part 13

399 32 0
                                    

"ဗီတာရေ ဗီတာ"

"ဘာတုန်း မနက်စောစော အိမ်ရှေ့မှာဘာလာအော်နေတာလဲ"

"နင်ကလဲဟယ် ငါတို့အပြင်သွားရအောင် "

"ဘယ်သွားမှာတုန်း "

"ဒီလိုဘဲပေါ့ လျှောက်သွားမယ်လေ နင့်ညီကလည်း မနေ့ကမှရောက်တာမလား သူလည်း လည်ရအောင်ပါ"

"အေးပါ ဒါနဲ့ရိူင်းရော ဘယ်မှာလဲ"

"ပီးရင် သူလာလိမ့်မယ် နင်အရှေ့မှာရောက်နေတဲ့သူကိုလည်း အားနာအုန်း နေပူတယ် ဖယ်"

"အော် ကဲ အိမ်ရှင်ကိုတောင်ပြန်ပြောသွားသေးတယ် ဒီကောင်မလေးကတော့"

ခနကြာ ရိူင်းလည်းရောက်လာတော့ သူတို့အကုန် ပြည်သူ့ရင်ပြင်ကိုသွားပါတယ် နှင်းယုနဲ့ကောင်းမြတ်ကတော့ အကြံနဲ့ပေါ့

" ကိုကို ကျနော်တို့ ဒါကြီးစီးရအောင်နော်"

"ဟာ မစီးနဲ့ ရိူင်းကသရဲကြောက်တတ်တယ်"

"ကိုရိူင်း စီးမယ်မလားဟင် စီးပါဗျာနော်..."

"အင်းပါ စီးကြမယ်လေ "

"ရရဲ့လား ရိူင်းရဲ့"

"ရပါတယ် ဗီတာကလဲ လာပါ "

"ကိုကိုတို့အရင်စီးလိုက် ပီးမှမမနဲ့ ကျနော်စီးလိုက်မယ်လေ"

"မင်းစီးချင်တာလေ မင်းအရင်စီးရမှာပေါ့ ငါတို့နောက်ခုံကနေလိုက်လာလို့ရတာဘဲကို"

"မရဘူး ကိုကိုတို့အရင်စီးလိုက်ပါ သွားးး သွားး"

"လာပါ ဗီတာရယ် သွားမယ် မဟုတ်ရင် ပီးမှာမဟုတ်တော့ဘူး"

ရိူင်းနဲ့ဗီတာကတော့ ထိုင်ပီး သရဲရထားကို စပီးစီးပါတယ် ရိူင်းကတော့ အဝင်မှာတင် ကြောက်လို့ ဗီတာရင်ခွင်ထဲက‌နေ လိုက်သွားပါတယ် နှင်းယုနဲ့‌ကောင်းမြတ်ကတော့ အပြင်CCTVကနေ ကြည့်ပီး ဓာတ်ပုံရိုက်နေကြတယ်
ခနကြာ ရိူင်းတို့ ပြန်ထွက်လာတော့ နှင်းယုနဲ့ကောင်းမြတ်က စီးပါတယ် ဒီတစ်ခါ ကောင်းမြတ်က နှင်းယုရင်ခွင်ထဲကနေလိုက်သွားပါတယ် နှင်းယုကတော့အေးအေးဆေးပါဘဲ

"ကြောက်ဖို့ကောင်းလိုက်တာ ကိုကိုရာ "

"ကြောက်ဖို့မကောင်းပါဘူးဟယ် ယောက်ျားလေးဖြစ်ပီးကြောက်လိုက်တာဆိုတာ သေချာတယ် နင်လင်ရမှာ"

"ဟာဗျာ မမကလည်း ယောက်ျားလေးလည်း အသည်းနုတယ်ဗျ"

"တော်ပါတော့ကွာ ထားတော့ ဆက်သွားမယ်"

ရိူင်းတို့လည်း လျှောက်လည်ရတာမောလို့ နေရိပ်တဲ့တစ်နေရာမှာ ထိုင်နေကြတယ်

"ကိုကို သီချင်းဆိုပြပါလားဟင်"

"ငါ့အသံမကောင်းပါဘူးကွာ"

"ကောင်းပါတယ် ဆိုပြပါ တစ်ပုဒ်လောက်ဘဲလေ"

"အေးလေကွာဗီတာကလဲ ဆိုပြလေ နော် ငါလည်းနားထောင်ချင်လို့"

"ဟုတ်ပါပီ ဆိုပြမယ် "

~တို့နှစ်ယောက်ရဲ့ဘဝ ဝေးခဲ့ဖူးတယ် မတွေ့ရတော့မှလွမ်းမှန်းသိတယ် ရိုးရိုးလေးပဲတို့ချစ်ခဲ့တယ် သူငယ်ချင်းရယ်.....
မင်းနူတ်ခမ်းလေးစွဲလမ်းဖူးတယ် ဝေးခဲ့ရတော့တမ်းတမိတယ် ရိုးရိုးလေးပဲတို့ချစ်ခဲ့တယ် သူငယ်ချင်းလေး.....~

ဗီတာကတော့ ရိူင်းကို ကြည့်ရင်းဆိုနေတယ် ရိူင်းကတော့ သီချင်းလေးကိုသေချာနားထောင်ပီး ဗီတာကိုပြန်ကြည့်နေခဲ့တယ်

~မင်းအနားမှာအမြဲနေချင်တယ် မင်းရဲ့ ပုံရိပ်လေးလည်းတမ်းတဆဲ သူငယ်ချင်းလို့ပြောနေပေမဲ့ ရင်ထဲက ချစ်နေဆဲ
အဆိုးဆုံးတွေကိုလဲ မြင်နေတယ် ဝေးရမှာကြိုသိတဲ့ငါ့ရင်ထဲ
သူငယ်ချင်းလို့ပြောနေပေမယ့် အမြဲ ငါရင်ထဲက ချစ်နေခဲ့...~

"ဝါးးးး ကောင်းလိုက်တာ ကိုကိုရာ"

"ဟုတ်ပါ့ဟယ် ဗီတာနင့်အသံအရမ်းကောင်းတာဘဲ ဟုတ်တယ်မလား ရိူင်း"

"ဟင် အင်း ဟုတ်တယ် "

"ကိုကို သီချင်းက ဘယ်သူ့အတွက်ဆိုတာလဲ"

"ဒီ ဒီတိုင်းဆိုတာပါကွာ"

"ဟုတ်လို့လား ဘာလို့ကိုရိူင်းကိုကြည့်ပီးဆိုတာလဲ "

"ငါတို့သွားကြမယ်လေ ပီးရင်စောစောပြန်ရအောင်"

"အင်းအင်း ဟုတ်တယ် သွားမယ်"

"အယ် နှစ်ယောက်လုံးရှက်သွားတာလား"

"ဒါနဲ့ အမခေါ်ထားတဲ့နှစ်ယောက်က ဘယ်အချိန်လာမှာလဲ"

"လာနေပီလို့‌ေတာ့ပြောတယ် "

"ပီးကော ပီးကော"

ရိူင်းနဲ့ဗီတာကတော့အရှေ့ကနေသွားပီ နှင်းယုနဲ့ကောင်းမြတ်မှာအနောက်ကနေ အမြန်လိုက်ရတော့တယ်
_________________________________
Song - သူငယ်ချင်း

မနက်ဖြန် တင်တာနည်းနည်းနောက်ကျပါမယ်ရှင့်🤍

နှောင်ဖွဲ့သောချစ်ခြင်း(Completed)Where stories live. Discover now