Part 1(U&Z)

1.1K 59 6
                                    

သာယာသောသကြန်နားနီးမနက်ခင်းလေးတစ်ခုမှာ....

"မင်းလက်ထပ်ရမယ် နွေဦးလွှာ!!"

"ဗျာ!!!"

"အေမဗျာနဲ့!! မင်းလက်လပ်ရမယ်!!!လက်ကိုလက်ထပ်ရမယ်!!!မင်းမှာဒီကိစ္စနဲ့ပတ်သက်ပြီးငြင်းခွင့်လဲမရှိဘူး!!!"

"ဖေဖေ!!!"

"ဘာအပိုစကားမှငါမကြားချင်ဘူး နွေဦးလွှာ!!!"

ဆိုကာနွေဦးလွှာရဲ့ ဖခင်ဖြစ်သူ ဦးကြည်သာဦးဟာ နွေဦးကိုလက်ထပ်ရန်ငြင်းခွင့်မရှိကြောင်းပြောလာသည်။နွေဦးကတော့အမေဖြစ်သူ ဒေါ်ဟေမာန်ဆောင်းကို အကူအညီတောင်းသောမျက်လုံးလေးတွေဖြင့်လှမ်းကြည့်ပေမဲ့မိခင်ဖြစ်သူကသူ မကယ်နိုင်ကြောင်းခေါင်းရမ်းပြကာ

"သား ဒီတစ်ခါတော့မေမေလဲမကယ်နိုင်ဘူး သားဖေဖေစီစဥ်တာကိုလက်ခံလိုက်ပါကွယ်ပဲပြောနိုင်တယ်သားရေ့"

"ဟာ"

နွေဦးအဲစကားတစ်လုံးပဲပြောနိုင်တော့ပါသည်။

"ဒါဆိုလဲ ဖေဖေဘယ်ကောင်မလေးကိုလက်ထပ်ရမှာလဲတော့ပြောပြ"

"မင်းလက်ထပ်ရမှာကောင်မလေးမဟုတ်ဘူး!!ယောကျာ်းလေးကွ!!!"

"ဗျာ!!!!ဖေဖေ!!!"

"မဖေနဲ့!!"

"သူကဘယ်သူလဲ!!သားလက်မထပ်နိုင်ပါဘူးဗျာယောကျာ်းချင်းကို!!

"မင်းကိုငြင်းခွင့်မရှိဘူးလို့ငါပြောပြီးသာနွေဦးလွှာ!!!!"

"ဒါပေမဲ့..."

"ငါပြောလို့မပြီးသေးဘူး!!!"

"..."

"မင်းလက်ထပ်ရမဲ့သူက တေဇလင်းရောင်ပဲ"

"ဗျာ!!!အဲလူဆိုပိုတောင်လက်မထပ်ချင်သေးဖေဖေရာမလုပ်ပါနဲ့"

"မရတော့ဘူးသား မေမေတို့လက်ခံလိုက်ပြီးသားလဲငြင်းလို့မရတော့ဘူး"

နွေဦးငိုချင်လာသည်အဲလူကိုတော့သူလက်မထပ်နိုင်ပါ။တကယ့်ကိုလက်မထပ်နိုင်ပါ။
တွေးရင်းပဲအခန်းထဲပြေးဝင်ကာခေါင်းအုံးပေါ်မျက်နှာနစ်ထားကာငိုနေရလေသည်။

"အီးးဟင့် ဘာလို့အဲလူလဲဟင့်တခြားသူမရှိတော့ဘူးလားအီးဟင့်သားအဲလူကိုလက်မထပ်နိုင်ဘူးဟင့်"

♡︎ 𝑪𝒓𝒖𝒔𝒉 ♡︎Where stories live. Discover now