သင်္ကြန်အကြတ်နေ့

6 0 0
                                    

(၃)

သင်္ကြန်အကြတ်နေ့

မျက်နှာကို တည့်တည့်ထိုးလာသောနေရောင်ကြောင့် တူးပို့ အိပ်ရေးမဝသေးသော်လည်း နိုးလာသည် ။ ထို့ကြောင့် အကြောဆန့်လိုက်ပြီး မိမိနံဘေးနေရာအား လက်နှင့်စမ်းကြည့်လိုက်သည် ။ လေဟာနယ်ကိုသာစမ်းမိသဖြင့် ဝုန်းကနဲငုတ်တုတ်ထထိုင်လိုက်ကာ အခန်းထဲသို့ဝေ့ဝဲကြည့်လိုက်မိသည် ။ ဦးလျှံကိုတွေ့ရမည့်အစား ကုတင်ဘေးရှိဗီဒိုပေါ်တွင်တင်ထားသော ဦးလျှံ၏မျက်မှန်ကိုသာတွေ့ရသည် ။ ထိုမျက်မှန်က မှန်များကွဲကာ တစ်စစီဖြစ်နေသောကြောင့် လန့်သွားပြီး

" ငါညကဘာတွေလုပ်လိုက်မိတာလဲ "

ဟု ရေရွတ်လိုက်ကာ ကုတင်ပေါ်မှခုန်ဆင်း၍ အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည် ။ 

ထက်မြတ် မာမားတို့နှင့်မနက်စာစားနေစဥ်

" ဦးလျှံ "

ဟူသော ခေါ်သံနှင့်အတူ တူးပို့က ထမင်းစားခန်းထဲသို့ပြေးဝင်လာသည် ။ တူးပို့၏အသံကြောင့် မိမိအပါအဝင် မနက်စာစားနေကြသူများက တူးပို့ကိုဝိုင်းကြည့်ကြသည် ။ ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး တူးပို့ကို

" တူးပို့လွင် .... အော်ကြီးဟစ်ကျယ်နဲ့ဘယ်လိုဖြစ်နေတာလဲ " 

ဟု ခပ်ကြိတ်ကြိတ်မေးလိုက်သည် ။ တူးပို့က

" ဦးလျှံမောင့်ကိုထားသွားပြီလို့ထင်နေတာ " 

ဟု ငိုမဲ့မဲ့နှင့်ပြောလာသောကြောင့် တူးပို့အနားသို့လျှောက်သွားလိုက်ပြီး

" ကျစ် .... ကလေးဆန်မနေစမ်းနဲ့ တူးပို့ရယ် .... ကိုယ်ကမင်းကိုဘာဖြစ်လို့ထားခဲ့ရမှာလဲ "

ဟူ၍ ပြောလိုက်သည် ။ တူးပို့က

" မောင်မနေ့က ဦးလျှံမကြိုက်တာတွေပဲလုပ်ခဲ့မိတယ်လေ .... အဲ့ဒါကြောင့် ဦးလျှံမောင့်ကိုမုန်းသွားပြီထင်လိုက်တာ " 

ဟု မိမိစကားကို တုံ့ပြန်လာသောကြောင် တူးပို့၏လက်ကိုဆွဲလိုက်ပြီး

အဝါေရာင္ အိမ္ကေလး (အဝါရောင် အိမ်ကလေး)(24)Waar verhalen tot leven komen. Ontdek het nu