🩹

97 23 13
                                    

[For Unicode]

"ကျွန်တော့်အတွက် ပြုံးပေးပါ ကို"

ဒီစကားလုံးတွေက မင်း ကို့ကို အမြဲပြောနေကျ စကားတွေပေါ့ ဘယ်နေရာပဲရောက်ရောက် ကို အမြဲပြုံးအောင် မင်းလုပ်နိုင်တယ်

နောက်ပြီး ကိုလည်း ပြုံးခဲ့တယ် မင်းပြောလို့ မဟုတ်ဘူး မင်းနဲ့အတူရှိနေရရင်ကို ပျော်နေလို့

မင်းလည်း ကို့လိုဖြစ်မယ်လို့ မျှော်လင့်တယ်

အိုးး ကို အမှတ်မှားခဲ့တာပဲ

မင်း ဘာလို့ ကို့ဆီကနေ ထွက်သွားရတာလဲ ယုံးဘို့? ကို့မှာ မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ် ဒါပေမယ့် ဘာဖြစ်လို့လဲ ကို သိပ်သိချင်တယ်

ကို မဟုတ်တာတွေ လုပ်မိလို့လား?

ကို မင်းကို သိပ်သတိရတာပဲ ကို့ကို အမြဲလွှမ်းခြုံပေးတဲ့
မင်းရဲ့အနွေးဓာတ် မရှိတော့ဘူး

မနက်တိုင်း ကိုတွေ့ရတာက မင်းရဲ့ လှပတဲ့မျက်ဝန်းတွေ မဟုတ်တော့ဘူး

အေးစက်တဲ့ညတွေမှာလည်း မင်းကို ဖက်ခွင့်မရတော့ဘူး

ကို့မျက်ရည်တွေ ခြောက်သွေ့အောင်လည်း မင်းမလုပ်နိုင်တော့ဘူး

ကို အဆင်ပြေမှာပါလို့ မင်းအမြဲပြောခဲ့တယ်

မင်းလည်း အဆင်ပြေနေမှာပါလို့ ကို မျှော်လင့်တယ်

မင်းရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းမှုကို အခုချိန်ထိ မခံစားရသေးဘူးလား?

အဲ့ဒီနည်းလမ်းကို မင်း တည်ဆောက်ခဲ့တာလား?

အဲ့ဒီနည်းလမ်းအတိုင်း ပြုမူခဲ့တာလား?

အဲ့ဒီနည်းလမ်းက မင်းရွေးချယ်ဖြစ်ခဲ့တာလား?

ယုံးဘို့ မင်းက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ သိလား?

ဒါပေမယ့် ကိုမပြောခဲ့သလို ကိုပြောချင်တာကိုလည်း မင်းမကြားခဲ့ဘူး

အရာအားလုံးအတွက် ကို တောင်းပန်ပါတယ် မင်းစိတ်ဆိုးအောင် လုပ်ခဲ့မိလို့ ကို တောင်းပန်ပါတယ် မင်း ငိုအောင် လုပ်ခဲ့မိလို့ ကို တောင်းပန်ပါတယ် မင်းအမှားမှန်း ခံစားရအောင် လုပ်ခဲ့မိလို့ တောင်းပန်ပါတယ် ကိုက ဒီလိုမျိုးဖြစ်နေခဲ့လို့လည်း တောင်းပန်ပါတယ်

ANSWER Where stories live. Discover now